အခန်း(၁၂၉၂)

104 18 0
                                    

အခန်း(၁၂၉၂)

သေလမ်း ရှာနေတာ။







Jin Zi ၏ဒေါသနှင့်ရင်ဆိုင်ရသောအခါတွင် ထိုအမျိုးသမီး၏ ထောင်လွှားမှုများမှာ အငွေ့ပျံသွားကာ ထိုနေရာတွင် ကြောက်လန့်မှုတစ်ခုသာကျန်တော့သည်။ သူမ သူ့ကိုကြည့်ရင်း ရုတ်တရက် ပါးစပ်ကိုဖွင့်ရန်ပင် အာရုံများ ဆုံးရှုံးသွားတော့သည်။

"ပြော.." Jin Zi မှာ ဟိန်းဟောက်လိုက်သည်။

အမျိုးသမီး၏လက်များမှာ အားလျော့သွားကာ Mu Linger ကို အမှတ်မထင် လွှတ်ပေးလိုက်မိလေသည်။ Jin Zi မှာ Mu Linger ကို ဆွဲယူကာ သူ၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ သူက အဖြေကို မလိုအပ်တော့ပဲ အေးခဲနေစွာ ကြည့်ကာ သူမ၏ ကံကြမ္မာကို ကြေငြာလိုက်လေသည်။ "မင်းက သေလမ်း ရှာနေတာပဲ။"

ခဏအတွင်း သူ၏ နောက်ရှိ ကျားဖြူဆယ်ကောင်မှာ အမျိုးသမီးကို ဝန်းရံထားရန် လှုပ်ရှားလာသည်။ သူမ ငယ်စဉ်တည်းက တိရစ္ဆာန်များကို မကြောက်ခဲ့ပေ။ သူမ ကျားများကို သိမ်းသွင်းနိုင်စွမ်းမရှိသော်လည်း ၎င်းတို့ကို ကြောက်လန့်ခြင်းလည်း မရှိခဲ့ပေ။ ယခုတွင် သားရဲဆယ်ကောင်ကြောင့် သူမ၏တင်ပါးပေါ် ထိုင်လျက် လဲကျသွားကာ အော်ဟစ်လိုက်တော့သည်။ “အား.....အား.."

"သူမကို အပိုင်းပိုင်း ဆုတ်ဖြဲလိုက်။" Jin Zi မှ အမိန့်ပေးလိုက်လျှင် ကျားတစ်ကောင်မှာ အမျိုးသမီးကို မြေပြင်တွင် ဖိထားရန် ရှေ့သို့ ခုန်အုပ်လိုက်သည်။ ၎င်းမှာ သူမ၏လည်ချောင်းကို ဆုတ်ဖြဲရန် ပြင်ဆင်နေချိန်တွင် အမျိုးသမီးမှာ ရုတ်တရက် ဝံပုလွေနှင့် ကျားသစ်အူသံတို့ ရောနှောကာ ထူးဆန်းစွာ အော်ဟစ်လိုက်ရာ သူမ၏ သားရဲများကို အမိန့်ပေးနေသည်မှာ သိသာထင်ရှားလှသည်။

ဝံပုလွေနှင့် ကျားသစ်များမှာ မြေပြင်ပေါ်တွင် စုပြုံနေ၍ လှုပ်ရှားရန် အလွန်ကြောက်ရွံ့နေကြသည်။ ယင်းအစား၊ ကျားဖြူကြီးမှသာ သူ၏ သခင်ကို ပြန်ကြည့်ကာ စူးစမ်းချင်စိတ်ဖြင့် ရပ်နေလေသည်။ Jin Zi မှာ ဤသားရဲများကိုတွေ့ပြီးနောက် ကောက်ချက်ချပြီးသားဖြစ်သည်။ ဤအမျိုးသမီးမှာ သားရဲဘာသာစကားကို သိထားပြီး တိရစ္ဆာန်များစွာကို တောင်ပေါ်ကို ဦးဆောင်နိုင်သည့်အတွက် မဟူရာမျိုးနွယ်၏ အစိတ်အပိုင်းဖြစ်နိုင်သည်။ သို့ဆိုလျှင်တောင် ဘာဖြစ်မလဲ။ သူက သူမကို သတ်ဦးမည်။ Mu Linger ကို အနိုင်ကျင့်ရန် သူမ ဘယ်လို သတ္တိရှိနေသည်လဲ။ သူက သည်းမခံနိုင်ဘူး!!!

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now