အခန်း(၁၂၅၁)

116 23 0
                                    

အခန်း(၁၂၅၁)

အလောင်းအစား။







Gu Qishao မှာ Mu Linger မှ သူက ဆေးမြို့တော်မှ ထွက်ပြေးခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်နေခြင်း မရှိသည့်အတွက် စိတ်မသက်မသာဖြစ်နေသည်။ အကယ်၍ သူမက ဤကိစ္စကို ပေါ့ပေါ့တန်တန် စွန့်လွှတ်ခဲ့မည်ဆိုလျှင်၊ နောက်ကွယ်တွင် အခြားကိစ္စတစ်ခု စီစဉ်ထားမည်ကို စိုးရိမ်နေသည်။

"ချီကိုကို၊  ရှင် ကျွန်မနဲ့ လောင်းရမှာကိုကြောက်လို့လား။" Mu Linger မှ ရယ်မောလိုက်သည်။

"ငါတို့ဘာတွေလောင်းမှာလဲ။" Gu Qishao မှ မေးလိုက်သည်။

"ချီကိုကိုက  ဘာ လောင်းချင်လဲ။" Mu Linger မှ မေးလိုက်သည်။

"မင်း လောင်းချင်တာ ဘာဖြစ်ဖြစ်။" Gu Qishao မှာ ​သတိထား​​နေဆဲပင်။

Mu Linger မှာ ရယ်မောကာ အနီးသို့ လျှောက်သွား၍ Gu Qishao ၏ နားထဲတွင် တစ်စုံတစ်ခုကို တိုးတိုးပြောလိုက်လျှင် သူက အေးခဲသွားတော့သည်။ ထို့နောက် သူမ နောက်ပြန်ဆုတ်ကာ မေးလိုက်သည်။ “ သတ္တိရှိလား။”

Gu Qishao မှာ သိသိသာသာ ချီတုံချတုံ ဖြစ်နေသော်လည်း အဆုံးတွင် သဘောတူလိုက်ဆဲပင်။ "ပြသနာမရှိဘူး။ တကယ်လို့ မင်းရှုံးရင်လည်း မင်းစကားပြန်မပြောနဲ့။"

Mu Linger မှာ ရယ်မောပြီး ထောင့်သို့ သွားလိုက်ကာ သူမ၏ ခန့်မှန်းချက်ကို ချရေး၍ ကျောက်မားမားထံ ပေးလိုက်သည်။ သူတို့လောင်းကြေး၏ အကြောင်းအရာများကို ဘယ်သူမှ မသိကြပေ။ သို့သော်၊ Gu Qishao ၏ တင်းမာသော အမူအရာမှာ ရိုးရှင်းသော လောင်းကစားတစ်ခုမဟုတ်ကြောင်း သူတို့အား ယုံကြည်စေသည်။ ထိုကဲ့သို့ပင်၊ ခုနစ်ယောက်မှာ အလောင်းအစားပွဲလေးပွဲဖြင့် အဆုံးသတ်သွားတော့သည်။

လက်ရှိတွင် ရူအာမှ ရှေ့တွင် ဖြန့်ချထားသည့် ပစ္စည်းများကို လေ့လာနေသည်။ သူက လိုချင်သည်မှာ အများအပြား ရှိနေရာ ဘယ်လိုရွေးရမည်လဲ ။ Han Yunxi နှင့် ကျန်လူများမှာ သူ့ကို အလွန်အမင်း တည်ငြိမ်စွာ ကြည့်နေကြပြီး သူတို့၏ အနိုင် သို့မဟုတ် အရှုံးကို လက်ခံရန် အသင့်ဖြစ်နေကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ကျောက်မားမားမှာ စားပွဲ၏တစ်ဖက်ခြမ်းတွင် ရပ်နေကာ အလွန်တင်းမာနေသည်။ သူမက စာရွက်တစ်ရွက်ချင်းစီကို ဂရုတစိုက်ဖွင့်ကာ သခင်များ၏ လောင်းကြေးများအကြောင်း သူမ၏ကိုယ်ပိုင်မှတ်တမ်းတွင် မှတ်သားလိုက်သည်။ လေးချီတွင် Long Feiye နှင့် Han Yunxi တို့မှ တစ်တွဲပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now