အခန်း(၁၂၉၆)

116 18 0
                                    

အခန်း(၁၂၉၆)

ဖျားနာမှုကြောင့် လဲကျသွားခြင်း။







Mu Linger မှာ တကယ်ကို ကြောက်နေသည့်တိုင် Jin Zi မှ မည်သည့်ကိစ္စမှ မလုပ်ခဲ့ပေ။ သူ၏ ကန့်သတ်ချက်များ ရောက်သည်အထိ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကာ ခေါင်းတစ်ခုလုံး လေးလံနေသကဲ့သို့ ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်တွင်းသို့ ချမ်းတုန်မှုများ စတင်ဝင်ရောက်လာလျှင် သူက Mu Linger ကို လွှတ်ပေးကာ အပြင် ၀တ်ရုံကို ချွတ်ကာ အိပ်ယာပေါ်တွင် ကွေးနေလိုက်သည်။ Mu Linger မှာ မယုံနိုင်ဖြစ်နေသည်။ သူမက အေးခဲကာ ခြေထောက်များ နာလာသည်အထိ ရပ်နေခဲ့သည်။ Jin Zi မှ အိပ်ပျော်သွားပုံရသော်လည်း သူမ မလှုပ်သေးပေ။ သူမ၏  ခုန်ပေါက်နေသည့် နှလုံးသားမှာ ငြိမ်သက်သွားပြီး အကြောင်းပြချက်မရှိ  ကြောက်လန့်နေမှန်း သတိပြုမိလိုက်လေသည်။

ဟိုဟိုဒီဒီ ကြည့်လိုက်လျှင် တဲတွင်းရှိ ဓနိအားလုံးများ မြေပြင်ပေါ်တွင် ဖြန့်ခင်းထားပြီး သိုးသားရေများဖြင့် ဖုံးထားကာ  ဆူးထင်းတစ်ပုံ ကျန်နေသည်ကို တွေ့လိုက်ရသည်။ ထိုင်စရာနေရာပင် ရှာရခက်လှသည်။ သူမ ထောင့်တစ်နေရာ ကျုံ့နေခြင်းဖြစ်စေ၊ Jin  Zi ၏ ဘေးတွင် ထိုင်နေခြင်း ဖြစ်စေ လုပ်ရမည်။ တုံ့ဆိုင်းသွားပြီးနောက် သူမ ထောင့်သို့သာ လျှောက်သွားသည်။

ညတာကုန်ဆုံးလာသည်နှင့်အမျှ အပူချိန်များကျဆင်းလာပြီး Mu Linger ၏ခြေထောက်များနှင့် လက်များမှာ အေးခဲလာသည်။ သူမက မတ်တပ်ရပ်ကာ နွေးထွေးနေစေရန် လက်နှစ်ဖက်ကို ပွတ်သပ်နေလိုက်ရင်း နေရာတွင် ခုန်နေရသည်။ ခဏအကြာတွင် Jin Zi မှာ အိပ်ယာကို ရိုးရှင်းစွာ ရုတ်သိမ်းလိုက်သည်။ Mu Linger မှာ ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် နောက်ပြန်ဆုတ်သွားမိတော့သည်။

Jin Zi မှာ သူမကို အေးစက်စွာကြည့်လိုက်လျှင် ခေါင်းငုံ့ကာ မလှုပ်မယှက်ဖြစ်နေတော့သည်။

"ဒီကိုလာ။" Jin Zi မှ လှမ်းပြောလိုက်သည်။ သူက သူမကို ငတုံးဟုပင် မခေါ်ချင်တော့ပေ။ ညသန်းခေါင် ထိုနေရာတွင် မတ်တပ်ရပ်နေလျှင် အအေးဒဏ်ကြောင့် ဖျားနာနိုင်သည် မဟုတ်လော။ သူမ အမြဲတစေ ခက်ထန်ကာ ရက်စက်သည် မဟုတ်ပါလား။ သူမ ဘာကြောင့် ယခုတွင် ပျော့ညံ့ နေရသည်လဲ။ သူမ ကိုယ်တိုင် စောင်များကို ဘာလို့ မလုယူရသည်လဲ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now