အခန်း(၁၂၅၆)

156 22 2
                                    

အခန်း(၁၂၅၆)

သီးသန့် တွေ့ဆုံမှု။







လီကုန်းကုန်း၏ ခွဲခြမ်းစိတ်ဖြာမှုအပြီးတွင် လူတိုင်းမှာ ကိစ္စကို ပို၍ အာရုံစိုက်လာကြသည်။ လောဘကို ပြေပျောက်စေရန်အတွက် ဧကရာဇ်မှာ အလှူငွေအားလုံးကို ပမာဏမည်မျှပင်ဖြစ်စေ ရှင်းလင်းပြတ်သားသော ပြေစာများ လိုအပ်ကြောင်း ဧကရီထံ မိန့်ကြားခဲ့သည်။ နံပါတ်များကို ၎င်းတို့၏ မူလအစနှင့် နောက်ဆုံးအသုံးပြုမှုတို့ဖြင့်ပတ်သက်၍ ရှင်းလင်းစွာ မှတ်တမ်းတင်ထားရမည်။ ထို့ကြောင့် ဧကရာဇ်မှာ အလှူငွေများအား စီမံကွပ်ကဲရန် ကြီးကြပ်ကွပ်ကဲရေး ကော်မတီတစ်ခုဖွဲ့ရန် ဝန်ကြီးဌာနခြောက်ခုမှ လူများဖြင့် အဖွဲ့ကို အထူးဖွဲ့စည်းခဲ့သည်။ သူတို့က ကုန်ကျစရိတ် မှတ်တမ်းများကို အများပြည်သူထံ အချိန်နှင့်တစ်ပြေးညီ ပေးပို့ရမည်။

အကယ်၍ အရှင်ချန်မှာ စာအိတ်နီကိစ္စကို ဧကရီထံ လွှဲပေးခဲ့လျှင် သူက ဘာပြောရမည်လဲ။ သူမကို စိတ်မချမ်းသာအောင် လုပ်လိုက်မိလျှင်…. သူက အလုပ်ပြုတ်သွားနိုင်သည်။ သို့သော် ဧကရီထံ သတင်းမပို့လျှင်လည်း စာအိတ်နီအလွတ်များကို မည်သို့မှတ်တမ်းတင်ရမည်လဲ။ သုညများကျဆင်းပြီး အခြားအလှူငွေပမာဏဖြင့် မှတ်တမ်းများကို လူသိရှင်ကြားထုတ်ပြန်လိုက်သည်နှင့် ဧကရီအတွက် ဒုက္ခရောက်ပေလိမ့်မည်။

အကယ်၍ ဧကရီ၏  စာအိတ်နီများ အားလုံးမှာ အလွတ်ဖြစ်နေလျှင် နားလည်ရန် လွယ်ကူနိုင်သည်။ သို့ရာတွင် သူမ ပို့လိုက်သည့် အိတ်၃၀မှ ရှစ်အိတ်သာ အတွင်းတွင် ဘာမှ မရှိပေ။ ထိုအမျိုးသမီးများ အားလုံးမှာ မြင့်မားသော မိသားစုများမှ ဖြစ်ကြသည် ။ စာအိတ်နီ ခပ်ကြီးကြီးကို ဘယ်သူမှ စိတ်ထဲမထားသော်လည်း အလွတ်တစ်အိတ်မှာမူ အရှက်ရစရာပင်။ ဤအရာမှ အတင်းအဖျင်းနှင့် အချည်းနှီးပြောဆိုမှု မည်မျှထွက်လာမည်လဲ။

အရှင်ချန်မှာ ကျောက်ဆောင်နှင့် မာကျောသောနေရာကြားတွင် ပိတ်မိနေတော့သည်။ လီကုန်းကုန်းမှာ သူ့ကိုသတိပေးလိုက်သည်။ "အရှင်ချန်၊ ဒီသခင်မတွေက ဘယ်လောက်ပဲ ရဲတင်းနေပါစေ စာအိတ်အလွတ်တွေကို တင်သွင်းဝံ့မှာ မဟုတ်ဘူး။ ဒီအစေခံအိုကြီးက ​မြင်​တဲ့အတိုင်းဆိုရင် ဧကရီ​က အဓိပ္ပါယ်​ရှိနိုင်​တယ်​..."

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now