အခန်း(၁၂၁၄)

165 26 10
                                    

အခန်း(၁၂၁၄)

သူမကို စောင့်ခိုင်းထားလိုက်။






Xiao Lan က သူ့ကိုယ်သူ သတ်သေချင်နေတာလား။

Tang Li နှင့် Ning Jing မှာ အံ့သြသွားကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့တိုင် သူတို့ခံစား​ရသမျှမှာ ထိုမျှပင်။ 

“အားလီ၊ ကျင်းကျင်း၊ မင်းအဖေကော ငါကော သူမအတွက် ဘာမှမလုပ်နိုင်ဘူး။ အားလီ... မင်းလာနားချကြည့်ရင် ဘယ်လိုလဲ။"

"ကျွန်တော် အလုပ်များနေတယ်လို့ သူမကို ပြောလိုက်.." Tang Li မှာ စိတ်မရှည်စွာပြောလိုက်သည်။ "သူမ လုပ်ချင်တာလုပ်လို့ရတယ်။"

"အားလီ..မင်း မလုပ်နိုင်ဘူး..."

"အမေ၊ ကျွန်မတို့နှစ်ယောက်လုံး အချိန်မရှိဘူး။" Ning Jing မှ ထပ်မံ ဖြတ်ပြောလိုက်သည်။ “ တကယ်လို့ သူမ သေချင်ရင် တစ်ညလောက်တော့ စောင့်နိုင်တယ်။ သူမကိုစောင့်ခိုင်းထားလိုက်ပါ။"

Ning Jing ၏ စကားလုံးများမှာ Tang Li ထက် ပို၍ ရက်စက်ပြီး ထေ့ငေါ့နေသံ ပေါ်လေသည်။ သခင်မထန်မှာ  မပြုံးပဲ မနေနိုင်ပေ။ ထိုစကားကိုကြားပြီးနောက် Xiao Lan မှ မည်ကဲ့သို့ခံစားရမည်ကို မရှင်းလင်းသော်လည်း သခင်မထန်မှာ ၎င်းတို့ကို တစ်ဆင့်ပြောပေးရန် စိတ်ရှုပ်ခံမည် မဟုတ်ပေ။ မဟုတ်လျှင် Xiao Lan ၏ ဒေါသဖြင့် Ning Jing ကို ပြတ်ပြတ်သားသား တိုက်ခိုက်ရန် ဦးတည်သွားနိုင်သည်။ သခင်မထန်မှာ သားနှင့်ချွေးမ၏ ဒေါသကို ကောင်းစွာ သိထားသည်။ ဤသို့ သူတို့ကို စည်းရုံးရန်မှာ မဖြစ်နိုင်ပေ။ ထိုကြောင့် အကြံထုတ်နေစဥ် အစေခံမိန်းကလေးတစ်ယောက် ရောက်လာလေသည်။

"သခင်မကြီး.. သခင်မငယ်လေးက ရှာမတွေ့လို့ သောင်းကျန်း နေပါတယ်။" သဘာဝကျစွာပင် သခင်မငယ်လေးမှာ Tang Tang အပြင် အခြားသူမဟုတ်ပေ။ 

"အိုက်ယား.. ငါ့အချစ်ကလေးရယ်..” သခင်မထန်မှာ သူမ၏ ခြေထောက်များကို အားရပါးရ နင်းလိုက်သည်။ သူမ ကျန်သည့်ကိစ္စအားလုံးကို မေ့သွားပြီး ခြံဝန်းထဲကို အလျင်အမြန်ပြန်သွားတော့သည်။ Tang Zijin က Xiao Lan ကို ဂရုစိုက်နိုင်တယ်! သူမ ခင်ပွန်းဖြစ်သူဖြင့် နောက်ထပ် စကားများ ရန်မဖြစ်ချင်တော့ပေ။ ဤအရှုပ်ကြီးကို သူက အရင်အစပျိုးခဲ့သဖြင့် ကိုယ်တိုင် ရှင်းသင့်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အားလီက သတိပြန်ဝင်လာပြီ..  Tang Zijin က မကြံစည်နိုင်တော့ဘူး။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now