အခန်း(၁၂၉၅)

136 20 0
                                    

အခန်း(၁၂၉၅)

ဝန်ခံနိုင်တယ်။





Mu Linger မှာ အတန်ကြာသည်အထိ အံ့အားသင့်နေခဲ့ပြီး နောက်ဆုံးမှာတော့ မေးလိုက်လေသည်။ "Jin Zi၊ တကယ်လို့ ဒါက အကြွေးဆိုရင် ကျွန်မ ပြန်ဆပ်မယ်။"

" တကယ်လို့ ငါက မင်းမျှော်လင့်ထားတဲ့လူမဟုတ်ရင် ငါ့ကို အကြွေးသိမ်းတဲ့သူလို့ သဘောထားလိုက်။ " Jin Zi မှာ သူမ၏ လက်ကိုဆွဲကာ တင်းတင်းဆုပ်ကိုင်လိုက်သည်။ "ငါ မင်းကို ပြောခဲ့တာကြာပြီ၊ ငါက သန့်ရှင်းတဲ့ မိန်းမပဲလိုတယ်။"

Mu Linger မှာ ခေါင်းငုံ့ပြီး မည်သည့်စကားမှ မပြောပေ။

Feng Ying မှာ သူတို့ဘာတွေပြောနေမှန်း မသိသည့်တိုင် Mu Linger ၏လက်ကို ကိုင်ထားသော Jin Zi ကိုတွေ့ရလျှင် သူမ၏ နှလုံးသားတွင် အေးစက်နေတော့သည်။ "Ling Ge၊ ဒီမိန်းမကြောင့် ရှင် ကျွန်မနဲ့ တကယ် ပြန်မလိုက်ဘူးလား။ ရှင့်မိဘတွေက ရှင့်ကိုလိုက်ရှာရင်း ဒီနှစ်တွေမှာ ရူးလုနီးပါးဖြစ်နေပြီဆိုတာ သိရဲ့လား။"

"လမ်းပြ။" Jin Zi မှာ ရှင်းပြရန် စိတ်ရှုပ်ခံမနေပဲ ပြောလိုက်သည်။

"ရှင် သူမကို ရှင်နဲ့အတူ ခေါ်လာမှာလား။" Feng Ying မှာ မေးလိုက်သည်။

"စိတ်မပူနဲ့။" Jin Zi မှာ ဖြေလိုက်သည်။ "တကယ်လို့ ငါတို့မှာ လက်ထပ်စာချုပ် တကယ်ရှိရင် မင်းငါ့ကို ပြန်ခေါ်သွားပြီးရင် ငါ မင်းကို လက်ထပ်မယ်။"

"ပြီးတော့ သူမက။ ဘာကိုဆိုလိုတာလဲ။" Feng Ying မှ မေးလိုက်သည်။ ဒီကောင်မစုတ်လေးက အရမ်း အနှောင့်အယှက် ဖြစ်လွန်းတယ်။

" မင်း သွားမှာလား မသွားဘူးလား။" Jin Zi မှာ စကားလုံးတစ်လုံးချင်း ပြောလိုက်ပြီး သူ၏ စိတ်ရှည်မှုမှာ ရှင်းရှင်းလင်းလင်း ကုန်ဆုံးသွားပြီပင်။ Feng Ying မှာ သူ၏ ဆိုးယုတ်သော မျက်လုံးများနှင့် ဆုံမိပြီး ကြောက်ရွံ့မှု အရိပ်အယောင်ကို ခံစားလိုက်ရတော့သည်။

"သွားမယ်။" သူမ မနှောင့်နှေးဝံ့ပေ။ " အနောက်ဘက် တောင်တန်းတွေကို ဖြတ်ပြီး လမ်းလျှောက်ရမယ်။" သူမက တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်သည်။ နက်နဲကုန်းမြေကြီးဆီသို့ လမ်းကြောင်းမှာ ရှည်လျားနေသေးသောကြောင့် သူမက ထိုအချိန်မတိုင်မီတွင် Ling Ge ကို သေချာပေါက် အမိဖမ်းပြီး Mu Linger ကို သတ်ပစ်ခဲ့မည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now