အခန်း(၁၂၀၀)

189 20 1
                                    

အခန်း(၁၂၀၀)

ရှင် ကျွန်မတို့ကို အရူးလုပ်နေတာလား။







Han Yunxi  မှာ အခန်းတွင်း လှည့်ပတ်ကြည့်လိုက်ပြီး Gu Beiyue ၏ ရှေ့တွင် ရပ်လိုက်သည်။ "မငြိမ်းချမ်းဘူး။"

"ဘာဖြစ်လို့ပါလဲ။" Gu Beiyue မှာ အလျင်စလိုမေးလိုက်သည်။

"Gu Beiyue၊ ရှင်က ရုတ်တရက်လက်ထပ်ဖို့ဆုံးဖြတ်လိုက်တော့  'သခင်မလေးတစ်ယောက်ကို ရွှေရောင်ခန်းမထဲမှာ ဝှက်ထားတယ်' လို့ ကျွန်မတို့အားလုံးထင်နေကြတာ။ ဒါပေမယ့် မင်္ဂလာဆောင်မယ့်ရက်နီးနေပြီ အခန်းကို သင့်တော်အောင် နေရာမချရသေးဘူး။ ရှင် ကျွန်မတို့ကို အရူးလုပ်နေတာလား။" Han Yunxi မှာ လေးနက်စွာ မေးလိုက်သည်။

Gu Beiyue မှာမူ အသက်ရှူသွင်းကာ မေးလိုက်သည်။ “မင်းသမီး၊ သခင်ငယ်လေးက ဘာလို့ မလိုက်လာတာလဲ။”

Gu Beiyue ၏မင်္ဂလာရက်မှာ အလွန်နီးကပ်နေသဖြင့် Han Yunxi နှင့် Long Feiye တို့မှာ မင်္ဂလာပွဲတက်ရောက်ပြီးနောက် နိုင်ငံသစ်ထူထောင်ရေးတွင် အလျင်စလို အလုပ်ပြန်လုပ်ရပေတော့မည်။သူမက ပြေးလွှားနေစဉ် ရူအာ ကို သူမနှင့်အတူ ဆွဲခေါ်မလာချင်ပေ။

၎င်းတို့အားလုံးကို ရှင်းပြရန်ပျင်းလွန်းနေသည့် Han  Yunxi မှာ ထပ်မံ မေးလိုက်သည်။ "သတို့သမီးအခန်းတွေက ဘယ်မှာလဲ။" 

"ကျွန်တော့်ရဲ့ ခြံဝန်းမှာပါ။" Gu Beiyue မှာ အားကိုးရာမဲ့စွာ ပြုံးလိုက်သည်။ Gu Beiyue ၏ ခြံဝန်းမှာ ဆေးပညာသင်တန်းကျောင်း၏ တောင်ဘက်တွင် တည်ရှိပြီး အကြီးမားဆုံး၊ ဆိတ်ငြိမ်သော နေရာဖြစ်သည်။ စုစုပေါင်း ဝင်ပေါက် သုံးခုပါရှိပြီး တစ်ခုချင်းစီ၌ လေးဘက်လေးတန်တွင် ကိုယ်ပိုင် ဝန်းအသေးလေး တစ်ခုစီ ဖွဲ့ထားသည်။

ပထမခြံဝန်းမှာ ဧည့်သည်များ လက်ခံရန်ဖြစ်ပြီး၊ ဒုတိယမှာ Gu Beiyue ၏ စာကြည့်ခန်း၊ ဆေးညွှန်းနှင့် သုတေသနအခန်းများ ပါရှိပြီး တတိယမှာ အမှန်တကယ်နေထိုင်သည့် အဆောင် ဖြစ်သည်။ လက်ရှိတွင် သူတို့က ပထမ ခြံဝန်းထဲတွင် ရှိနေသည်။

Han  Yunxi မှာ နောက်မှ လိုက်လာသည့် Mu Linger နှင့်အတူ အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်။ Gu Beiyue မှာ ဆေးပညာသင်တန်းကျောင်းတွင် မင်္ဂလာပွဲအခမ်းအနားအတွက် အလှဆင်ခြင်း မရှိခြင်း အပါအဝင် ခရီးစဉ်တွင် ကောလဟာလတွေ အများအပြား ကြားခဲ့ရသည်။ ယနေ့ သူတို့ ကိုယ်တိုင် မမြင်ဖူးရလျှင် ယုံနိုင်မည် မဟုတ်ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now