အခန်း(၁၂၈၃)

123 18 0
                                    

အခန်း(၁၂၈၃)

အကြွေးတောင်းခြင်း။





Jin Zi ၏အမူအရာကြောင့် Long Feiye နှင့် Han Yunxi တို့မှာ အံ့သြသွားတော့သည်။

Jin Zi နှင့် Ning Cheng တို့မှာ လျှို့ဝှက်အဆက်အသွယ်ရှိနေကာ တစ်ယောက်မှာ နောက်တစ်ယောက်၏ နေရာကို သိထားသင့်သည်ဟု နှစ်ယောက်မှာ ယူဆထားကြသည်။ သို့သော် ယခု Jin Zi မှ ပြသလိုက်သည့် ရန်လိုမှုနှင့် နာကျည်းမှုများမှာ Ning Cheng နှင့် လိုက်လျောညီထွေရှိသော ဆက်ဆံရေးမျိုး မရှိတော့ကြောင်း စုံတွဲကို သတိပြုမိသွားစေသည်။

Long Feiye မှာ  နောက်တစ်ယောက်မှာ မတ်တပ်ရပ်နေသောကြောင့် Ning Cheng ကို ဆွဲထုတ်ခဲ့သည်။ Ning Cheng မှ သူ၏ ကတိကို ဖြည့်ဆည်းပေးသရွေ့အလိုရှိရာကို သွားနိုင်သည်။ ဤသို့ ရှုပ်ထွေးသည့် ကိစ္စများကို ဂရုစိုက်ရန် လုံလောက်စွာ လွတ်လပ်နေခြင်း မရှိပေ။

Jin Zi ၏ တုံ့ပြန်မှုမှာ Ning Cheng အပေါ် မကျေမနပ်ဖြစ်မှုများစွာ ချုပ်နှောင်ထားကြောင်း ဖော်ပြနေသည်။ Han Yunxi မှာ သီးသန့် ဆားရောင်းဝယ်မှု၏ အသေးစိတ်အချက်အလက်များကို ချက်ချင်း ထုတ်ဖော်လိုက်လျှင် Jin Zi မှာ လက်ဆုတ်ကာ ထလာသည်။ ကျယ်လောင်စွာဖြင့် သူက ကြေငြာလိုက်သည်။ "အရှင်မင်းမြတ်၊ မြောက်ပိုင်းလီက တည်ငြိမ်နေပြီ။ ဒီလက်အောက်ငယ်သားက ရာထူး နှုတ်ထွက်ချင်ပါတယ်။"

ဘယ်လိုတောင် Ning Cheng လဲ။ သူ့ကို မြောက်ပိုင်းလီရဲ့ အရှုပ်အထွေးထဲ ပစ်ထားခဲ့ပြီး သူက ဆောင်းကျီး နိုင်ငံမှာ ပုန်းရှောင်နေတဲ့အပြင် လူကုန်ကူးသမားတွေနဲ့တောင် ပေါင်းနေတယ်။ ဒါက သူ  အမြဲလုပ်ဖို့ စီစဉ်ထားတာဘဲ။

မြောက်ပိုင်းလီမှ မငြိမ်မသက်ဖြစ်နေချိန်မှာတော့ အခြေအနေများမှာ မတည်မငြိမ်ဖြစ်နေခဲ့သည်။ ယခုဆိုလျှင် Long Feiye မှာ သူမရှိလျှင်တောင် မဟူရာမျိုးနွယ်ကို အသုံးပြု၍ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီဖြစ်သောကြောင့် သူက ဆက်နေရန် မလိုအပ်တော့ပေ။ အစိုးရဝန်ထမ်းဖြစ်ရခြင်းမှာ ခါးသီးသောအလုပ်ဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ဂရုစိုက်ရန် သူက  အမှန်တကယ် မလုပ်နိုင်သူ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း မြောက်ပိုင်းလီ၏တရားဝင်မိဘအဖြစ် ဆက်ရှိနေရန် သူ့ကိုယ်သူ မည်ကဲ့သို့ နားချခဲ့မှန်းပင် မသိတော့ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now