အခန်း(၁၂၈၅)

119 21 2
                                    

အခန်း(၁၂၈၅)

ပျို့အန်ခြင်း။






မီးပုံပွဲညစာများသည် မြောက်ပိုင်းလီမြက်ခင်းပြင်၏ ထူးခြားသောပွဲအမျိုးအစားဖြစ်ပြီး အထိမ်းအမှတ်ပွဲများအတွက် သီးသန့်ဖြစ်သည်။ အများအားဖြင့် ထင်းများကို ဟင်းလင်းပြင်တွင် စုပုံထားပြီး လူတိုင်းက စားသောက်ရန် ဝိုင်းထိုင်ကြသည်။ သို့သော် ယနေ့ ဧည့်သည် သုံးယောက်သာ ရှိသောကြောင့် Jin Zi မှာ လက်ရှိ သိုးငယ်တစ်ကောင်ကို ကင်နေသော သံဘောင်ဖြင့် မီးပုံးငယ်ကို နေရာချထားကာ ရိုးရာဓလေ့ကို စခန်းငယ်လေးအဖြစ် ပြောင်းလဲလိုက်သည်။

Mu Linger မှာ အသားကင်၏ အရသာရှိသော ရနံ့ကို အနားသို့ပင် မရောက်မီ ရရှိကာ မထိန်းနိုင်ပဲ ဆာလောင်စွာ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။ သူမ နီးကပ်သွားချိန်တွင် Jin Zi မှာ တိရိစ္ဆာန်တစ်ကောင်လုံးကို “ဧည့်ခံရန်” ဓားကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်နေသည်ကို တွေ့လိုက်ရသည်။ အသားကို မည်မျှကြာအောင် ချက်ပြုတ်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သော်လည်း သိုးငယ်တစ်ကောင်လုံး ဆီနှင့် ရွှေရောင်သမ်းနေကာ အသားများ ကြွပ်ရွနေသည်။ Mu Linger မှာ မထိန်းနိုင်ပဲ သူမ၏တံတွေးကို မျိုချမိတော့သည်။ သူမ အသွင်အပြင်အတွက် အမှတ်တွေ အပြည့်ပေးလိုက်သော်လည်း ဘယ်လိုအရသာရှိမှန်း မသိသေးပေ။

Han Yunxi နှင့် Long Feiye တို့မှာ စားပွဲ၏ တစ်ဖက်တွင် ပစ္စည်းနှစ်ခုဖြစ်သည့် ပန်းကန်အလွတ်တစ်ချပ်နှင့် လက်ဖက်ရည်အိုးတစ်လုံးတို့ဖြင့်အတူ ထိုင်နေကြသည်။

"လင်းအာ ဒီလာ၊ ထိုင်ဦး။" Han  Yunxi မှာ အပြုံးဖြင့် အော်လိုက်သည်။

တကယ်တော့၊ Mu Linger မှ စကားမပြောလျှင်တောင် ဤနေရာသို့ ရောက်လာပြီမှန်း Jin Zi မှ သိနေသည်။ သူက စကားတစ်ခွန်းမှ မပြောပဲ သိုးငယ်ပေါ်တွင် ပျားရည်ကို ဂရုတစိုက် လိမ်းကျံကာ ဆက်၍ ခေါင်းငုံ့ နေလေသည်။ သူ၏ထိုင်ခုံမှာ တော်ဝင်စုံတွဲ၏ ညာဘက်တွင်ရှိသော်လည်း Mu Linger အတွက် နေရာသတ်မှတ်ထားခြင်းမရှိပေ။

Long Feiye မှာ လက်ရှိတွင် Jin Zi ၏လက်ဖက်ရည်ကို မြည်းစမ်းနေပြီး Han Yunxi မှာ ရှေ့ပြန်နောက်ပြန်လှည့်ကြည့်နေသည်။ မသိနားမလည်ဟန်ဖြင့် သူမက Jin Zi ၏နေရာကို ညွှန်ပြကာ ပြောလိုက်လေသည်။ "Mu Linger၊ အဲဒီမှာ ထိုင်ခုံရှိတယ်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now