အခန်း(၁၃၂၄)

113 17 0
                                    

အခန်း(၁၃၂၄)

နန်းမြို့တော်။







မဟာချင်နန်းမြို့တော်ကို မူလ ထျန်းနင် မြို့တော်၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သည်။ ယခင် နန်းတော်ဟောင်းနေရာတွင် Long Feiye ၏ ငယ်စဉ်အချိန်မှ ချန်တင်း နန်းတော်သာ ကျန်ရှိတော့ပြီး ကျန်နေရာများမှာ ပျက်စီးသွားကာ ပြန်လည်တည်ဆောက်ခဲ့သည်။

ချင်တင်း နန်းတော်ကိုမူ ထိန်းသိမ်းပြီး ကျယ်ဝန်းသော နေထိုင်ရာအဖြစ် တိုးချဲ့ခဲ့သည်။ ဆောက်လုပ်ရေးအတွက် တာဝန်ယူထားသူ Tang Zijin မှာ ဧကရာဇ်မှ မည်သည့်အတွက် ထိုနေရာအား ချန်ထားခဲ့သည်ကို မသိခဲ့ပေ။

မင်းသမီးယန် မမွေးဖွားခင်က မြို့တော်လူထုမှာ ထိုနေရာကို ဧကရာဇ်မှ ဒုတိယမင်းသားအတွက် ထိန်းသိမ်းထားကြောင်း ကောလဟာလများ ပျံ့နေခဲ့သည်။ အဆုံးတွင် အိမ်ရှေ့စံမှလွဲ၍ အရွယ်ရောက်ပြီးသည့်နောက် မင်းသားအားလုံးမှာ နန်းတော်၌ နေထိုင်ရန် တားမြစ်ခံရသည်။ သို့ရာတွင် မင်းသမီးယန်မှ မွေးဖွားပြီးသည်နှင့် လူထု၏ အမြင်များမှာ ပြောင်းလဲသွားပြန်သည်။ ဤနေရာမှာ မင်းသမီးငယ်လေးအတွက်ဖြစ်ပြီး သူမ ကြီးပြင်းလာသောအခါတွင် အကြီးဆုံးမင်းသမီးအိမ်တော် ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။

မဟာချင်၏နန်းတော်မှာ ချင်ဝမ်အိမ်တော် နေရာဟောင်းတွင်တည်ရှိသည်။ အဆောက်အဦးအသစ်များမှာ နန်းတော်ဟောင်းမှ မြေယာ အများအပြားကို နေရာယူထားကာ မြောက်နှင့်တောင်ဘက်သို့ တစ်ဝက်စီခွဲသွားကာ အလယ်ဗဟိုရှိ ယုံဟယ်တံခါးဖြင့် မျက်နှာမူနေသည်။ ယုံဟယ်တံခါး၏ မြောက်ဘက်ဧရိယာမှာ အတွင်းနန်းတော်ဖြစ်ပြီး တောင်ဘက်မှာ အပြင်နန်းတော်ဖြစ်သည်။

"အပြင်နန်းတော်" ၏ အလယ်ဗဟိုတွင် ထျန်းရွှမ် ခန်းမ ရှိပြီး ဧကရာဇ်မှ နိုင်ငံတော်အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ရုံးတော် အစည်းအဝေးများကျင်းပသည်။ ခန်းမနှစ်ဘက်စလုံးတွင် နန်းတော်အား စောင့်ရှောက်သော အတွင်းရေးရုံးများ၊ တော်ဝင်စာအုပ်များ စုဆောင်းမှုများနှင့် အခြားလုပ်ငန်းဆောင်တာများကို စီမံပေးသည့် ဝမ်ယွမ် မဏ္ဍပ်နှင့် တော်ဝင်သမားတော်ခြံဝန်းတို့ ရှိသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now