အခန်း(၁၂၇၂)

121 19 0
                                    

အခန်း(၁၂၇၂)

တောင်ဘက်သို့ စစ်ဆေးရေး ခရီးစဥ်။




ရက်အနည်းငယ်အကြာတွင် Han Yunxi တို့ မိသားစုမှာ နင်စီရင်စုသို့ ရောက်ရှိလာသည်။ သူမ Qin Min နှင့် Gu Beiyue ကို အံ့အားသင့်စေရန် လက်ဆောင်များစွာလည်း ယူဆောင်လာခဲ့သည်။ Long Feiye မှာ ထိုကဲ့သို့ စိတ်၀င်စားမှု မရှိသဖြင့် အေးစက်စွာပြောလိုက်သည်။ " ကိုယ် ရူအာနဲ့ လက်ဖက်ရည်အိမ် သွားလိုက်မယ်။ တကယ်လို့ Gu Beiyue က အားနေရင် သူက လက်ဖက်ရည်သောက်ဖို့ လာလို့ရတယ်။"

Han  Yunxi မှာလည်း သူမ၏ သူငယ်ချင်းများမှာ အနီးနားတွင် ထိုရေခဲတောင်ကြီးနှင့် အပန်းဖြေအနားယူနိုင်ခြင်း မရှိသောကြောင့် ခပ်ဝေးဝေးတွင် နေလိုသည်။

"ရူအာ လက်ဖက်ရည်အများကြီးမသောက်ဖို့ မမေ့နဲ့။ မင်းဗိုက်ဆာရင် မင်းအဖေကိုပြောရမယ်။" Han Yunxi မှာ ညွှန်ကြားလိုက်သည်။

လက်ဖက်ရည်သောက်ခြင်းမှာ ကလေးငယ်လေးများအတွက် မကောင်းသော်လည်း ရူအာမှာ Long Feiye ၏နောက်မှ အချိန်ကြာမြင့်စွာ လိုက်နေပြီးနောက် ၎င်းကို သဘောကျလာသည်။ အကယ်၍ သူမ သူ့ကို မတားလျှင် သူက ထမင်းစားတိုင်း လက်ဖက်ရည်သောက်နေလိမ့်မည်။

ရူအာမှာ Long Feiye ၏ ပခုံးပေါ်တွင် ထိုင်ရင်း လေးလေးနက်နက် ခေါင်းညိတ်ပြနေသည်။ " အားချန် က  အမိန့်ကို နာခံပါ့မယ်။

" ရှူး..!" Han Yunxi မှာ သူ့ကို အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။ "မင်း ငါတို့ကို ဖော်ထုတ်ရင် မင်းတစ်ယောက်တည်း ယွင်နင်းကို ပြန်သွားနိုင်တယ်။"

ရူအာမှာ တခစ်ခစ်ရယ်မောနေလေသည်။ သူက အမေကို စနောက်နေသည်။ သူက အလွန် ဆိုးသွမ်းနေသည်ကိုမြင်လျှင် Han  Yunxi မှာ အားကိုးရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ တကယ်လို့ သူက နှစ်နှစ်ပဲ ရှိသေးတာတောင် အရမ်းဆိုးသွမ်းရင် ကြီးလာရင် ဘယ်လိုဖြစ်လိမ့်မလဲ!! သို့တိုင် ရူအာမှာ သူ၏ ပင်ကိုယ်စရိုက်နှင့် ပိုမိုပွင့်လင်းပြီး ရယ်မောနေခြင်းကို သူမ ပို၍ နှစ်သက်သည်။ Long Feiye ကဲ့သို့ ပျင်းစရာ ရေခဲတုံးဖြစ်ခြင်းထက် ၎င်းမှာ ပိုကောင်းလေသည် ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now