အခန်း(၁၂၅၅)

146 18 0
                                    

အခန်း(၁၂၅၅)

ရုံးတော်သို့ သွားရောက်ခြင်း။





Baili Yuanlong က ဆုံးသွားပြီလား။

Xu Donglin ၏ စကားကိုကြားလျှင် Long Feiye မှ စကားပြောလာခဲ့သည်။ တကယ်တော့ သူက ချုပ်တည်းမှုအားလုံးကို ဆုံးရှုံးသွားခဲ့ပြီပင်။

"Xu Donglin၊ Gu Beiyue ချက်ချင်းသွား ပြောလိုက်။"

Long Feiye မှာ အပြင်၀တ်ရုံကို ဆွဲယူလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ Han Yunxi မှာ ပိုင်လီ မျိုးနွယ်သည် Long Feiye အတွက် အရေးကြီးမှန်း သိသော်လည်း ဤမျှကြီးမားမည်ဟု သူမ မသိခဲ့ပေ။ သူ့ကို ငယ်စဉ်ကတည်းက အကာအကွယ်ပေးခဲ့သော အစေအပါးများ၊ ငယ်စဉ်ကတည်းက အကာအကွယ်ပေးခဲ့သော မျက်နှာဟောင်းများ…. သူ၏ နှလုံးသားထဲမှာ ဘယ်လို ပေါ့ပေါ့တန်တန် ထားနိုင်မည်လဲ။ Long Feiye မှာ ထုတ်ဖော်ပြသခြင်း သို့မဟုတ် ပြောဆိုခြင်း မပြုသော်လည်း ထိုအရာများကို သူ၏ နှလုံးသားအောက်ခြေတွင် သိုဝှက်ထားခဲ့သည်။

Han Yunxi မှာ နဂါးဝတ်ရုံကို ကောက်ယူလိုက်ပြီး နောက်မှ လိုက်လာလျှင် Long  Feiye  မှာ နန်းတော်တံခါးဝတွင် ရပ်လိုက်သည်။

" မကြာခင် မနက်ခင်း ရုံးတော်စတော့မယ်။ ဧကရာဇ်မင်းမြတ်။" Han Yunxi မှာ နောက်ဆုံးစကားလုံးနှစ်လုံးကို အလေးပေး ပြောလိုက်သည်။ မနေ့ညတွင် ရှောင်မျိုးနွယ်ကို လိမ်လည်ပြီး Xiao An ကို  ကျွင်းဝမ်အဖြစ် ခန့်အပ်ပြီးနောက် အကယ်၍  Baili Yuanlong ကြောင့် Long Feiye မှာ ရုံးတော်တွင် ပျက်ကွက်ခဲ့လျှင် သူတို့၏ ကြိုးစားအားထုတ်မှုများမှာ အလဟသတ် ဖြစ်သွားလိမ့်မည်။

Long Feiye မှာ စကားမပြောပဲ Han  Yunxi  ထံ လက်ပြကာ ပြန်ခိုင်းလိုက်သည်။ ယင်းအစား သူမက ဝတ်ရုံများကို ပစ်ပေးကာ ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်၊  ချန်ချီထက် ရှင်က ပိုသိသင့်တယ်။ ဘာပဲဖြစ်ဖြစ်  ဒီနေ့ ရုံးတော်ကို သွားရမယ်။ ”

Long Feiye မှာ သူမ၏ လက်ကိုဆွဲကာ ပြောလိုက်သည်။ “ယွင်ရှီး လိမ်လိမ်မာမာနဲ့ ကိုယ်ပြန်လာတဲ့အထိ နန်းတော်ထဲမှာစောင့်နေ။"

ပြောရင်းဆိုရင် သူက Han  Yunxi  ကို နောက်သို့ ရုတ်တရက် ဆွဲလိုက်ကာ ပေါ့ပါးသော နည်းစနစ်ဖြင့် လေထဲသို့ ပျံသွားလိုက်သည်။ အသေအချာအပင် Han  Yunxi  မှာ နောက်မှ လိုက်သွားသော်လည်း သူမအတွက် သူက အလွန် လျင်မြန်လွန်းနေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now