အခန်း(၁၂၈၉)

114 18 0
                                    

အခန်း(၁၂၈၉)

ဆေးကွင်းများ။






Mu Linger မှာ အမှန်တကယ်ပင် နှင်းတောင်များ၏ ဆေးကွင်းများတွင် ရှိနေခဲ့သည်။

မြောက်ပိုင်းလီ၏ ဤတောင်ထွတ်သုံးခုစလုံးမှာ နံရံတစ်ခုကဲ့သို့ မြောက်နှင့်တောင်ဘက်သို့ မျက်နှာမူထားသည့်မျဉ်းတစ်ကြောင်းကဲ့သို့ အပြန်အလှန်ချိတ်ဆက်ထားသည်။ ၎င်းတို့မှာ မြောက်ပိုင်းလီနှင့် ဆောင်းကျီးနိုင်ငံ အကြား နယ်နိမိတ်ကို ပိုင်းခြားထားသည်။ တောင်တန်းတစ်ခုလုံးကို ကျားရှန်တောင်စဥ်တန်း ဟုခေါ်ပြီး မြောက်ဘက်သို့သွားသည်နှင့်အမျှ ပို၍ မြင့်မားလာသည်။

Jun Yixie နှင့် မူမျိုးနွယ်မှာ  နှင်းရေခဲ ဆေးကွင်းကျယ်ကြီးကို ပြန်လည် သိမ်းယူနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း ပထမတောင်တွင် ရာသီတစ်ခုသာ စိုက်ပျိုးခဲ့ပြီး ကျန်နှစ်ခုမှာ ဆိတ်သုဉ်းနေဆဲပင်။ Han  Yunxi မှာ ဆေးမိစ္ဆာတောင်ကြားနှင့် ပူးပေါင်းလိုက်သောအခါ သူတို့က ဆေးဝါးမြို့တော်မှရောင်းချသော ဆေးပင်များအားလုံးကို လက်ဝါးကြီးအုပ်ခဲ့သည်။ Jun Yixie မှာ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုဖြင့်  ပူးပေါင်းပြီး ဆေးကွင်းများကို ဖွံ့ဖြိုးလာစေရန် စီစဉ်ခဲ့သော်လည်း သူတို့က မစတင်နိုင်ခင် အားလုံး အဆုံးသတ်သွားခဲ့သည်။

Mu Linger မှာ ပျောက်ဆုံးနေသော အဖြူရောင်ကြီး နှင့်အတူ တောင်စောင်းတွင် နေနေသည်မှာ တစ်လခွဲကြာပြီ ဖြစ်သည်။ မူလတွင် သူမက ဆေးဝါးမြို့တော်သို့ ပြန်သွားပြီး နွေရာသီတွင် ပြန်လာခဲ့ချင်သော်လည်း အဖြူရောင်ကြီးမှ သူမ၏ နောက်သို့ လိုက်လာသည်ကို မြင်လိုက်ရသဖြင့် မငြိမ်မသက်ဖြစ်သွားတော့သည်။ သို့ဖြင့် သုံးရက်အကြာတွင် သူ့ကို နှင်းတောင်ပေါ်သို့ ခေါ်သွားဆောင်ရန် ဆုံးဖြတ်လိုက်သည်။ Jun Yixie ဖြင့် ပူးပေါင်းခဲ့စဥ်  မူမျိုးနွယ်၏ အဓိက ပန်းတိုင်မှာ နှင်းကျောက်စိမ်းဒေါနကို စိုက်ပျိုးရန် ဖြစ်ကြောင်း သင်ယူခဲ့ပြီးသားပင်။ ၎င်းမှာ အလွန်ရှားပါးသော အပင်တစ်မျိုးဖြစ်ပြီး လက်တွေ့တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည်။ ၎င်းမှာ ချမ်းသာပြီး မြင့်မြတ်သူ မရေမတွက်နိုင်အောင် အများအပြားမှ လိုက်စားသည့် အကောင်းဆုံး တောရိုင်းဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ဝမ်းနည်းစရာမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ၎င်း၏ ပမာဏမှာ လျော့ကျသွားသောကြောင့် တစ်နှစ်လျှင် ဆယ်ပင်ရိတ်သိမ်းနိုင်လျှင်ပင် များပြားလှသည်ဟု ယူဆနိုင်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now