အခန်း(၁၁၉၈)

257 24 2
                                    

အခန်း(၁၁၉၈)

ဘာလို့ အလျင်လိုနေတာလဲ။






Han Yunxi မှ စပ်စုနေသည့် မြင်ကွင်းတွင်တော့ Long Feiye ၏ အပြုံးများမှာ နက်ရှိုင်းလာတော့သည်။ သူက အမိန့်ပြားများအားလုံးကို သေတ္တာထဲတွင် ပြန်ထည့်ကာ အားလုံးကို သူမထံသို့ လွှဲပြောင်းပေးလိုက်လေသည်။ "အဲဒါမင်းပဲ။"

“ ကျွန်မ…" Han Yunxi မှာ ပထမတွင် တုံ့ပြန်မှု မရှိပဲ အလိုအလျောက် သေတ္တာကို လက်ခံလိုက်သည်။

"မင်းကို အမိန့်ပြားတွေ မပေးခင် မြောက်ပိုင်းလီကို တည်ငြိမ်လာတဲ့အထိ နှစ်နှစ်ကနေ သုံးနှစ်လောက် စောင့်ဖို့ ကိုယ်က စိတ်ကူးထားခဲ့တာ.. ကြည့်ရတာ အခုလည်း အလုပ်ဖြစ်မယ့်ပုံပဲ။” Long Feiye မှ ပြောလိုက်သည်။

Han Yunxi မှာ သူ၏ ရည်ရွယ်ချက်များကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ Long Feiye မှာ သူမအား အဆုံးစွန်သော စစ်ကွပ်ကဲမှုအမှတ်အသားကို ပိုင်ဆိုင်ခွင့်ပေးရန် စီစဉ်နေခဲ့သည်။

“ကျွန်မလား.." သူမ ထပ်မံမေးမြန်းလိုက်လေသည်။Han Yunxi မှာ ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားနေသည်ဟု  ဆိုရမည်။ စစ်အင်အားမှာ တိုင်းပြည်တည်ငြိမ်ရေးအတွက် အကောင်းဆုံးအာမခံချက်ပင်။

"မင်း ဘာကိုကြောက်နေတာလဲ။" Long Feiye မှ မျက်ခုံးပင့်လိုက်သည်။

"ရှင့်ကို Baili Yuanlong က နေ့တိုင်း စိတ်အနှောင့်အယှက် လာပေးနေမှာကို မကြောက်ဘူးလား။" Han Yunxi မှ ပြန်ပက်လိုက်သည်။ သူတို့က မြောက်ပိုင်းလီရှိ ကိစ္စအဝဝကို နေရာချထားပြီးစ ဖြစ်ကာ ဤနေရာတွင် Long Feiye မှာ ပြသနာကို ထပ်မံလှုံ့ဆော်နေပြန်သည်။ ဤသတင်းမှ ပြန့်နှံ့သွားလျှင် တိမ်တိုက်ကုန်းမြေကြီး တစ်ခုလုံး ပွက်ပွက်ဆူလာပြန်ပေဦးမည်။

Baili Yuanlong မှာ မြောက်ပိုင်းလီ၏ သဘာဝဘေးသင့်ဒေသများသို့ ပစ္စည်းများ ဖြန့်ဝေရန် တာဝန်ယူထားရသည်။ သူ၏ အလုပ်တွင် အလွန် တရားမျှတ နေသည့်အတွက် Long Feiye မှာ သူ့အပေါ် ဘာတစ်ခုမှ မရနိုင်ခဲ့ပေ။ နောက်ရက်အနည်းငယ်အကြာတွင် စစ်သူကြီးမှာ ပြန်ရောက်လာလိမ့်မည်။

Long Feiye မှာ စိတ်အားထက်သန်လာသည်။ “ကိုယ်က အရှေ့ ဒါမှမဟုတ် အနောက် ချင် ဘယ်ဘက်ကိုမှ မျက်နှာသာမပေးဘူး ဆိုတာကို ကမ္ဘာကို ပြောချင်တယ်။ ကိုယ်က တိမ်တိုက်ကုန်းမြေကြီးရဲ့ အမျိုးသမီး အရှင်သခင် မင်းကိုပဲ မျက်နှာသာပေးမယ်။”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now