အခန်း(၁၂၂၇)

163 24 4
                                    

အခန်း(၁၂၂၇)

စာအိတ်နီများ။





Long Feiye မှာ Gu Qishao ဖြင့် မသောက်တော့ကြောင်း ရှင်းလင်းသွားလျှင် Tang Li မှာ အရှုံးပေးလိုက်ရတော့သည်။ သို့သော်  သူ၏ အရက်သောက်နိုင်မှု ကန့်သတ်ချက်ကို ကောင်းစွာသိသောကြောင့်  Gu Qishao ကို နောက်ထပ် မစိန်ခေါ်ရဲတော့ပေ။ အကယ်၍ သူက မူးနေလျှင် Ning Jing နှင့် Tang Tang မှ ဘယ်လိုလုပ်ကြမလဲ။

Ning Jing မှာ တစ်ညလုံး များစွာ မစားရသေးပဲ ဗိုက်ဆာနေလျှင် အိပ်ပျော်နိုင်မည် မဟုတ်ပေ။ Tang Tang မှာ မြင်းလှည်းပေါ်၌ အိပ်ရခြင်းကို အသားကျသွားပြီဖြစ်၍ သူမကို ကုတင်ပေါ် အိပ်ခိုင်းရန် ယနေ့ညတွင် ချော့ရပေမည်။  အကယ်၍ သူက မှတ်မိသည်မှာ မှန်လျှင် Ning Jing မှာ ညလုံးပေါက် မအိပ်ပဲ နေ၍မဖြစ်သကဲ့သို့ နောက်နှစ်ရက်အထိ ကြာမြင့်စွာ ရပ်မနေသင့်ပေ။ လေးလံသော အလုပ်များကိုလည်း မလုပ်သင့်ပေ။

Tang Li မှာ လှိုင်းလုံးများကို မြှင့်ပေးခြင်း မရှိတော့လျှင် Long Feiye နှင့် Gu Qishao တို့မှာ ခဏကြာပြီးနောက် ငြိမ်သက်သွားသည်။ နောက်ဆုံးတော့၊ ၎င်းမှာ Han Yunxi အတွက် စကားပြောရန် အခွင့်အရေးရလာလေသည်။ 

"Gu Qishao၊ ဒါနဲ့ ရှင် စကားတစ်ခွန်းမှ မပြောပဲ အဲဒီလတွေမှာ ပျောက်နေတာ လက်ဖက်စိုက်နေတာလား။" သူမ မေးလိုက်သည်။

Gu Qishao မှာ ခေါင်းကို ကုတ်လိုက်ပြီးနောက် အကြောင်းမပြန်ပေ။ ဆေးပညာသင်တန်းကျောင်းတွင် နိုးလာပြီးနောက် သူက ပုံမှန်ပြန်ဖြစ်လာသည်ကို သတိပြုမိလိုက်ပြီး အားလုံးအတွက် နေသားမကျ သကဲ့သို့ ခံစားလိုက်ရသည်။ သူက စိတ်အေးလက်အေးဖြင့် သာမာန်ခန္ဓာကိုယ်အသစ်ကို အသားကျရန် အချိန်လိုအပ်သည်။ အသေအချာပင် သူက ရှောင်နေရန်အတွက် နောက်ထပ်အကြောင်းပြချက်တစ်ခုရှိသေးသည်….  Mu Linger မှ ကြီးပြင်းလာရန် သူမအား လုံးဝရှောင်နေရန်ပင်။ Han Yunxi မှာ Gu Qishao ၏ အလိမ်အညာနှင့် ပုန်းနေခြင်း အကြောင်း ဖိအားမပေးတော့ပဲ ထိုနေ့၌ မြုံနေသော တောင်ကုန်းပေါ်တွင် သူ့အတွက် သူမ မျက်ရည်မည်မျှ ကျသည်ကို Gu Qishao မှာလည်း မသိနိုင်ပေ။

ပြီးခဲ့သည့်မှာ ပြီးသွားခဲ့ပြီပင်….

Gu Qishao မှာ Long Feiye မှ နှစ်သစ်ကူးအကြိုကို ဤနေရာတွင် မတော်တဆ ကုန်ဆုံးမိကြောင်းကို ဘယ်တော့မှ မသိနိုင်ပေ။ Long Feiye မှာ သူ၏ နောက်မှ လိုက်သွားရန် အရိပ်အစောင့်များ စေလွှတ်ခဲ့သော်လည်း Gu Qishao မှာ ၁၀ ရက်အကြာတွင် သူတို့အား မျက်ခြေဖြတ်သွားပြီး လုံးဝပျောက်ကွယ်သွားခဲ့သည်။ ရူအာ ၏ ပထမဆုံးမွေးနေ့အတွက် လက်ဆောင်အဖြစ် စိုက်ခင်းများကို နေရာချရန် သင့်တော်သောမြေကို ရှာဖွေနေခဲ့သည်။ သူ၏ မွေးနေ့တွင် ၎င်းကို လက်ဆောင်အဖြစ် ပို့ပေးရန် စိတ်ကူးနေခြင်းပင်။ သူက အမှတ်၇ နှင့် ၎င်း၏ လက်ဖက်ရေပူစမ်းများဖြင့် မကျေနပ်မီအထိ လက်ဖက်စိုက်ခင်းများစွာကို ပုံစံချခဲ့သည်။ အခြားစိုက်ခင်းများအတွက် အကြံဥာဏ်ကို ထုတ်နေချိန်တွင် သူက စျေးကွက် နယ်ပယ်တစ်ခုကို တွေ့ရှိခဲ့ပြီး အမှတ် ၈၊ ၉ နှင့် ၁၀ တို့ကို စတင်တည်ဆောက်ခဲ့ကာ နောက်ပိုင်းတွင် သီးခြားစိုက်ခင်း ၇၇ ခုကို စိုက်ပျိုးရန် စိတ်ကူးရခဲ့သည်။ လူတိုင်းတွင် ထူးချွန်သော စီးပွားရေးများရှိနေသည်။ သူက ၇၇ နေရာလုံး၏ တည်နေရာ၊ ပုံစံ၊ လက်ဖက်ရည် နည်းလမ်း အားလုံးကို ကျေနပ်လောက်သည့် နေရာကို အမှန်တကယ် အပြီးသတ်နိုင်လျှင် တိမ်တိုက်ကုန်းမြေကြီးတစ်လျှောက် လက်ဖက်ခင်းများ၏ ဘုရင်တစ်ဆူ ဖြစ်လာနိုင်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now