အခန်း(၁၃၆၆)

118 21 2
                                    

အခန်း(၁၃၆၆)

ကောင်းကင်ကြီး ပြိုလဲသွားပြီးနောက် မဟာပရိယတ်မှ ဝန်ထုတ်ဝန်ပိုးကို ထမ်းရွက်ရပြီ။






Qin Min မှာ ဆင်ခြေ လိုအပ်နေသလား။

Gu Beiyue မှာ ၎င်းကို အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကျွန်တော်...မင်းလုပ်ထားတဲ့ သက်ရှည် ခေါက်ဆွဲ စားချင်တယ်။"

ဒါ…

ဒါက ဘယ်လိုအကြောင်းမျိုးလဲ။

ဝန်ခံခြင်းအဖြစ် မှတ်ယူနိုင်လေသလား။

သူတို့က ချစ်သူတွေဖြစ်ခဲ့ကြသလား။ သို့မဟုတ် မိသားစုလား။

Qin Min မှာ ရယ်ရမလား ငိုရမလား မသိတော့သော်လည်း သူမအတွက် ထိုအနမ်းမှာ လုံလောက်နေပြီပင်။ ချစ်သူ သို့မဟုတ် မိသားစု၊ သူမသည် သူ၏ အပိုင်ဖြစ်သည်။ သူမ အက်ရှစွာ ပြန်ဖြေလိုက်သည်။ "Gu Beiyue၊ ကျွန်မ ရှင့်အတွက် နှစ်တိုင်းလုပ်ပေးဖို့ ဆန္ဒရှိတယ်။"

ဒါကို သူမရဲ့ ဝန်ခံမှုအဖြစ် မှတ်ယူနိုင်မည်လား။

ထို့နောက်တွင်တော့ Qin Min  မှာ Gu Beiyue ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး အိပ်မက်မဟုတ်ကြောင်း အတည်ပြုလိုသကဲ့သို့ သူမ၏ ခေါင်းကို သူ၏ ရင်ဘတ်တွင် မြှုပ်လိုက်သည်။ အရိပ်လေးမှာ မိဘများကို တစ်ချိန်လုံး ကြည့်နေခဲ့သည်။ သူတို့က နမ်းရှိုက်နေခဲ့စဥ် သူက ရှက်ရွံ့နေသော်လည်း ဆက်ကြည့်နေခဲ့သည်။ အကယ်၍ အခြားနေ့ဖြစ်လျှင် သူ၏ မျက်လုံးများကို မှိတ်ထားလိမ့်မည်။ သို့ရာတွင် ဤတစ်ကြိမ်တွင်တော့ မျက်ရည်များကြားမှ ရယ်စရာကောင်းစွာ ပြုံးလိုက်သည်။ အမေမှ အဖေ၏ ရင်ခွင်တွင်းမှ ထွက်လာသည်ကို မြင်လျှင် အရိပ်မှာ နောက်ဆုံးတော့ ပြေးသွားပြီး အဖေ၏ ရင်ခွင်ထဲကို နစ်မြုပ်သွားကာ မျက်ရည်များနှင့် နှပ်များ သူ့အပေါ် ပေသွားတော့သည်။ ကလေးတစ်ယောက်အတွက် နှစ်သိမ့်ပေးနိုင်ဆုံးသောအရာမှာ စကားလုံးများမဟုတ်ပဲ ပွေ့ဖက်ခြင်းပင်။ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခြင်းက မင်းက နေရာတွင်ရှိနေမှန်း ကလေးတစ်ယောက်ကို သိစေနိုင်သည်။

Gu Beiyue မှာ အရိပ်လေးကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး တိတ်ဆိတ်စွာဖြင့် သူ၏နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ဤအခိုက်အတန့်တွင်  မူးမေ့လဲလုနီးပါး ငိုခဲ့ရသည့် အသေးလေးမှာလည်း သူ၏ လူကြီးမင်းကို ပြင်းပြင်းထန်ထန် တိုးဝှေ့ရန် ခုန်ဆင်းလာသည်။ Qin Min မှာ Gu Beiyue ၏ သွေးခုန်နှုန်းကို ဂရုတစိုက် စစ်ဆေးကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်ချီမှ ငြိမ်သက်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။ အကယ်၍ သူက ဤစစ်မှန်ချီ၏  လျှို့ဝှက်ချက်ကို ထိန်းချုပ်နိုင်ပြီး  ဤစွမ်းအင်ကို ကျွမ်းကျင်လာလျှင် သူ၏ ကိုယ်ခံပညာမှာ အလွန်တိုးတက်လာလိမ့်မည်။ အဆုံးတွင်တော့ ဤစစ်မှန်ချီမှာ Han Chen နှင့် Long Feiye ထံမှ လက်ဆောင်တစ်ခုပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now