အခန်း(၁၃၅၉)

84 14 0
                                    

အခန်း(၁၃၅၉)

ရေခဲပင်လယ်၏ လျှို့ဝှက်ချက်။






He Xiaotian မှ တစ်ယောက်တည်းရှိနေမည်ဟု သူတို့က ယူဆခဲ့ကြသော်လည်း ၎င်းမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည့် ပူးပေါင်းကြံစည်မှုတစ်ခုပင်။ မျိုးနွယ်ခေါင်းဆောင် သုံးယောက်လုံးမှာ Han Chen ထက် များစွာ အသက်အရွယ် ကြီးကြပြီး တစ်ဦးစီတွင် ဆံပင်ဖြူများပင် ရှိနေသည်။ သို့သော် သူတို့က ကျားများကဲ့သို့ စိတ်ဓာတ်မြင့်မားဆဲဖြစ်သည်။ ၎င်းကိုမြင်လျှင် Han Yunxi နှင့် Long Feiye တို့မှာ အကြည့်ချင်းဖလှယ်ကာ အခြေအနေဆိုးနေမှန်း သိလိုက်သည်။

ဟယ်၊ချီ နှင့် ဆု မျိုးနွယ်စုများမှာ နက်နဲကုန်းမြေကြီး ၏တောင်ဘက်ရှိ ရှန့်ကွန်းမျိုးနွယ်နှင့် ပေါင်းစပ်လိုက်လျှင် ကုန်းမြေကြီးရှိ မျိုးနွယ်ကြီးလေးခုအဖြစ် သတ်မှတ်နိုင်သည်။ ဝံပုလွေဂိုဏ်းမှာ ၎င်းတို့တွင်မပါဝင်သော်လည်း ၎င်း၏အင်အားမှာ ရှန့်ကွန်း မိသားစုနှင့် တန်းတူဖြစ်သည်။ ဝံပုလွေဂိုဏ်းမှာ အမြဲတစေ မထင်မရှားသာ နေထိုင်ကာ လောကီရေးရာများတွင် မည်သည့်အချိန်ကမှ မပါဝင်ခဲ့ပေ။ Han Chen မှ ထိန်းချုပ်ပြီးမှသာ တောင်ပိုင်းဒေသ၏ အရေးကိစ္စများတွင် မကြာခဏ ပေါ်လာခဲ့သည်။ အမှန်တော့၊ He Xiaotian မှာ တိမ်တိုက်ကုန်းမြေကြီး အကြောင်း အတွေးအမြင်များကို စမ်းသပ်ရန် လွန်ခဲ့သော နှစ်များက ရှန့်ကွန်းမျိုးနွယ်ခေါင်းဆောင် နှင့် တိတ်တဆိတ် တွေ့ဆုံခဲ့သည်။ အခြားတစ်ယောက်သာ ဆန္ဒရှိလျှင် မျိုးနွယ်ကြီးလေးခု၏ စွမ်းအားများသည် တိမ်တိုက်ကုန်းမြေကြီး ကို အလွယ်တကူ ပိုင်းခြားနိုင်လိမ့်မည်။ သို့ရာတွင် ရှန့်ကွန်းမျိုးနွယ်ခေါင်းဆောင်မှာ တိမ်တိုက်ကုန်းမြေကြီးကို စိတ်မဝင်စားသဖြင့် ဟယ်မျိုးနွယ်ခေါင်းဆောင်မှာ Han Xiang ထံ သံလွင်ခက်ကို ပစ်ပေးလိုက်သည်။

Han Xiang မှာ Han Chen လောက် သန်မာခြင်း မရှိပဲ အခြား မျိုးနွယ်ခေါင်းဆောင် သုံးယောက်ထံမှ နယ်ရုပ်အဖြစ်သာ  သတ်မှတ်ခံထားရသည်။ ထို့အပြင်၊ သူတို့တွင် တိမ်တိုက်ကုန်းမြေကြီးနှင့် ပတ်သက်ခြင်း မရှိသော်လည်း ရေခဲပင်လယ်နှင့်ပတ်သက်သည့် လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေသည်။ သုံးယောက်မှာ ၎င်းကို ဆယ်စုနှစ်တစ်ခုကျော်လောက် အချိန်ယူကာ ဖော်ထုတ်ခဲ့သည်။ သဘာဝကျစွာပင်၊ သိသူနည်းလေ၊ ပိုကောင်းလေ ဖြစ်သည်။ သူတို့၏မျက်လုံးများတွင် Han Xiang မှာ လျှို့ဝှက်ချက်တွင် ပါဝင်ရန် အခွင့်အရေး မရှိပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now