အခန်း(၁၃၀၉)

105 17 0
                                    

အခန်း(၁၃၀၉)

ရုတ်တရက် ပြောင်းလဲမှု။








စတုတ္ထ သခင်မလေးရမ်…

ရမ်မျိုးနွယ် သူလျှိုများ အပါအဝင် ရှိနေသူတိုင်း အံ့အားသင့်သွားကြတော့သည်။

"စတုတ္ထ သခင်မလေးက ဘာလာလုပ်နေတာလဲ။ သခင်ကြီးက သူမကို လာဖို့ ပြောတာလား။"

"သူမ အဲ့ဒီလူကို တကယ်ကယ်နိုင်ပါ့မလား။"

"မြန်မြန်၊ မြန်မြန် ငါက စောင့်ကြည့်ထားမယ်။ မင်းတို့ နှစ်ယောက် ပြန်သွားပြီး သခင်ကြီးကို ပြောလိုက်။"

ရမ်မျိုးနွယ်မှာ လုံးဝ နားမလည်နိုင်ပဲ ထိတ်လန့်စပြုလာသည်။ Qin Min မှာ စတုတ္ထ သခင်မလေးရမ် ကို တအံ့တသြ ကြည့်နေသည်။ သခင်မလေးရမ်မှာ ဆေးမြို့တော်၏ နံပါတ်တစ်အလှနှင့် ဆေးဘက်ဆိုင်ရာ အရည်အချင်းရှိသော အမျိုးသမီး ဖြစ်ကြောင်း သူမ သိထားသည်။ သူမ၏ ရုပ်ရည်နှင့် သူမ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများမှာ ထူးချွန်ပြီး Gu Beiyue မှ လူနာများကို ကယ်တင်ရာတွင် ကူညီခြင်းဖြင့် နောက်ဆုံး ဆေးဘက်ဆိုင်ရာ ပြိုင်ပွဲများတွင် ကျော်ကြားခဲ့သည်။ ဆေးပညာသင်တန်းကျောင်း၏ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ်လည်း ရာထူးတိုးခဲ့သည်။ ၎င်းမှာ အကြီးအကဲများကဲ့သို့ တရားဝင် တင်းကျပ်ခြင်း မရှိသော်လည်း သင်တန်းကျောင်း၏သမိုင်းတွင် အထူးဖြစ်ရပ်တစ်ခုအဖြစ် မှတ်ယူနိုင်ဆဲပင်။ ထိုအချိန်မှစ၍ စတုတ္ထ သခင်မလေးရမ်မှာ Gu Beiyue ၏ချစ်ရသူဖြစ်ကြောင်း လူတိုင်းမှာ သိကြပြီး တစ်နေ့တွင် သူမက သူ၏ဇနီးဖြစ်မည်ဟု ကောလာဟလများ ပျံ့နေခဲ့သည်။ ရမ်မျိုးနွယ်မှာ ကုမျိုးနွယ်၏ကျဆုံးမှုနှင့် စတုတ္ထ သခင်မလေးရမ် ၏ကျော်ကြားမှုကြောင့် ယခုအချိန်တွင် ဆေးမြို့တော်၌ နံပါတ်တစ်မျိုးနွယ်ဖြစ်လာခဲ့သည်။  သို့သော် အဆုံး၌ Gu Beiyue မှာ Qin Min ကို ရွေးချယ်ခဲ့သည်။ သူမက Gu Beiyue ကို ရမ်မျိုးနွယ်၏ စွမ်းအားကို နှိမ်နင်းရာတွင် ကူညီပေးရန်အတွက် အသုံးချခြင်းခံရသည်ဟု လူအများမှာ ထင်ကြေးပေးခဲ့ကြသည်။

Qin Min မှာ ဤအရာအားလုံးကို ကောင်းစွာသိသော်လည်း ထိုအကြောင်းကို များစွာ မတွေးခဲ့မိပေ။ နောက်ဆုံးတော့ သူမနှင့် Gu Beiyue တို့မှာ အမည်အရသာ ဇနီးမောင်နှံများဖြစ်ပြီး ရှုပ်ထွေးမှုများ အားလုံးမှာ Gu Beiyue တစ်ယောက်တည်းဖြင့်သာ သက်ဆိုင်နေသည်။ သူမနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိပေ။ သူမ ချင်မိသားစုကို စွန့်ခွာခဲ့ချင်ရုံပင်။ လက်ရှိတွင်တော့ စတုတ္ထ သခင်မလေးရမ်ကို ဘယ်သူက စေလွှတ်ခဲ့လဲ သူမ သိချင်နေလေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now