အခန်း(၁၂၀၇)

167 23 4
                                    

အခန်း(၁၂၀၇)

ထန်နင်။







ထန်မျိုးနွယ် ၏ကြီးမားသောနယ်မြေသည် ကောင်းကင်၊ မြေပြင်နှင့် နတ်နဂါးတောင်တန်းများအပါအဝင် နဂါးရစ်ခွေတောင်တန်းကြီးတစ်ခုလုံးကို ဖြန့်ကြက်ထားသည်။ တစ်ခုစီကြားတွင် ချိုင့်ဝှမ်းများ၊ လျှိုစောက်များ၊ စမ်းချောင်းများ ရှိနေသည်။ ထန်မျိုးနွယ် နှင့် အကြီးအကဲများးမှာ နတ်နဂါးတောင်ထိပ်တွင် နေထိုင်ကြပြီး သူတို့၏အဖွဲ့ဝင်များနှင့် အလုပ်သမားများမှာ အခြားတောင်ထိပ်နှစ်ခုရှိ အလုပ်ရုံများကြားတွင် နေထိုင်ကြသည်။

ယခုနှစ် ဆောင်းဦးရာသီတွင် တောင်စောင်းတစ်ခုပေါ်၍ ဆွတ်ပျံ့ကြည်နူးဖွယ် အလှတရားများကို ထပ်မံမြင်တွေ့နိုင်သည်။ နတ်နဂါးတောင်ထိပ်တွင် စိုက်ထားသော ဒေလီပင်များအားလုံး ပွင့်လန်းနေကြသည်။ ၎င်းတို့သည် တူညီသောမျိုးကွဲများဖြစ်သည့်… အဝါရောင်အလယ်ဗဟိုရှိ၍ အဖြူရောင်ပွင့်ချပ်များ ရှိကာ Ning Jing ၏အကြိုက်ဆုံးပန်းပင်။ 

ထန်မျိုးနွယ်သို့ပြန်လာပြီးနောက် Ning Jing မှာ ၎င်းတို့အား Tang Li၊ သခင်မထန် နှင့်အတူ တစ်ပင်ချင်း စိုက်ပျိုးခဲ့သည်။ သူတို့၏မင်္ဂလာဦးညတွင်  Tang Li မှာ သတို့သမီးအခန်းကို ဒေစီပန်းများဖြင့် ဖုံးအုပ်ထားခဲ့သည်။ Ning Jing မှာ ထိုစဥ်က ၎င်းတို့ကို ကဲ့ရဲ့ခဲ့သော်လည်း သူမထံ သူက ပြောခဲ့သည့် စကားများကို မှတ်မိနေဆဲပင်။

မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးအောက်တွင် သူက ကတိပေးခဲ့သည်။ “ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ်  ကိုယ်က အဆုံးအထိ တာဝန်ယူပါ့မယ်။ Jing Jing၊ ကိုယ် Tang Li က ဒီတစ်သက်မှာ မင်းတစ်ယောက်တည်းကိုပဲ ချစ်လိမ့်မယ်။ ကိုယ်တို့က အနာဂတ်မှာ နဂါးရစ်ခွေတောင်တန်းမှာ နေပြီး ကမ္ဘာရဲ့ အသေးအဖွဲ အသေးစိတ်အချက်အလက် တွေကို မေ့ထားနိုင်တယ်။ ကိုယ်က တောင်တစ်ခုလုံးကို ဒေစီပင်တွေအပြည့် စိုက်ထားသင့်လား။ ဆောင်းဦးရောက်ရင် မင်းကြိုက်တဲ့ပန်းတွေနဲ့ ပြည့်နေလိမ့်မယ်။ နေထွက် နေဝင်ချိန် ကိုကြည့်ဖို့ ပန်းပင်လယ်မှာ မင်းနဲ့အတူ နေ့ရက်တွေကို ကုန်ဆုံးစေတာကလွဲရင် ဘာမှလုပ်မှာမဟုတ်ဘူး။ ဘယ်လိုလဲ…”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now