အခန်း(၁၂၆၄)

138 20 2
                                    

အခန်း(၁၂၆၄)

စီးပွားရေး အခွင့်အလမ်း။





Han  Chen မှာ ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်အိမ်တွင် သူနှင့်အတူ အနီရောင်တောင်ထိပ် လက်ဖက်ရည်သောက်ရန် Long Feiye ကို ဖိတ်ကြားခဲ့သည်လား။

ဖိတ်ခေါ်ချက်ကြောင့် Long Feiye မှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူက Han  Yunxi ထံ မေးမြန်းလိုက်သည်။ “ ကြည့်ရတာ မင်းအဖေက လက်ဖက်ခြောက်နီတွေကို ကောင်းကောင်းနားမလည်တဲ့ပုံပဲ။"

"ဘာကိုဆိုလိုတာလဲ။" Han  Yunxi မှာ နားမလည်ပေ။ သူမက လက်ဖက်ရည်ကို နှစ်သက်သော်လည်း Long Feiye ကဲ့သို့ အရူးအမူး စွဲလမ်းသူမဟုတ်ပေ။ အသေးစိတ်အချက်အလက်များကို ပို၍ နားလည်သဘောပေါက်နိုင်လောက်အောင် သူနှင့်အတူ အချိန်အတော်ကြာနေခဲ့ပြီး သူမ၏အရသာတွင် ဇီဇာကြောင်လာသော်လည်း အသေးစိတ်ဆုံးများကိုမ သူမ နားမလည်နိုင်သေးပေ။

Long Feiye  မှ ရှင်းပြခြင်း မပြုရသေးသော်လည်း Gu Qishao မှာရယ်မောကာ ပြောလိုက်သည်။ "အဆိပ် ကောင်မလေး၊ မင်းအဖေက ငါ့ရဲ့ အနီရောင်တောင်ထိပ်ကို မဖျက်စီးစေနဲ့။"

Han  Yunxi မှာ ပို၍ပင် အံ့ဩသွားတော့သည်။ Long Feiye မှာ Gu Qishao နှင့် ကြုံတောင့်ကြုံခဲ သဘောတူညီကာ ခေါင်းညိတ်သည်။ "ကြည့်ရတာ သူက ဖျက်ဆီးတော့မယ့်ပုံပဲ။"

အမှန်တွင် Gu Qishao မှာ ဆေးမိစ္ဆာအရှင် သာမက လက်ဖက်ရွက်မိစ္ဆာလည်း ဖြစ်နိုင်သည်။ Han Yunxi မှာ သူနှင့် Long Feiye တို့မှာ မူလတွင် စကားပြောဖော်ကောင်းများ ဖြစ်သင့်သည်ဟု သီးသန့် စဥ်းစားနေမိသည်။

"အဆိပ်ကောင်မလေး၊ အကောင်းဆုံး နွေဦးလက်ဖက်ရည်က လက်ဖက်စိမ်းဖြစ်ပြီးတော့၊ အကောင်းဆုံး နွေရာသီလက်ဖက်ရည်က လက်ဖက်နီ တွေပဲ။" Gu Qishao မှ စတင်ရှင်းပြလိုက်သည်။

ရာသီလေးမျိုးပေါ်အခြေခံ၍ လက်ဖက်ရည်ကို အမျိုးအစားအလိုက် ခွဲခြားထားစဥ် နွေဦးရာသီ၊ နွေရာသီနှင့် ဆောင်းဦးလက်ဖက်များမှာ အသုံးအများဆုံးမျိုးများဖြစ်သည်။ ဆောင်းလက်ဖက်ခြောက်ကို ဆောင်းပွင့်လွှာဟုလည်း ခေါ်သည်။ လက်ဖက်ပင်များမှာ ဆောင်းရာသီတွင် ဆောင်းခိုလေ့ရှိသောကြောင့် အနွေးဆုံးဒေသများတွင်သာ တစ်နှစ်ပတ်လုံး အရွက်များကို ရိတ်သိမ်းနိုင်ပြီး ဆောင်းပွင့်လွှာလက်ဖက်ရည်ကို ထောက်ပံ့ပေးနိုင်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now