အခန်း(၁၂၉၃)

118 22 0
                                    

အခန်း(၁၂၉၃)

လုပ်နိုင်လား မလုပ်နိုင်ဖူးလား။






ဒဏ်ရာအပြင်းအထန်ရသူတစ်ယောက်ကို ဘေးဖယ်ထားလိုက်လျှင်ပင် သာမန်လူတစ်ယောက်တောင် နှင်းထဲတွင် လဲလျောင်းနေလျှင် အသက်မရှည်နိုင်ပေ။ Mu Linger မှာ ကိစ္စရပ်များကို သူမ၏ လက်ထဲ ယူဆောင်သွားပြီး ထိုအမျိုးသမီးအား ကျောက်တုံးအိမ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဆွဲခေါ်သွားလိုက်သည်။ သို့သော် Jin Zi မှာ သူမကို ဆွဲခေါ်ကာ မျက်နှာပေါ်မှ ဒဏ်ရာများကို မျက်မှောင်ကျုတ်လိုက်သည်။ "သူတို့ကို ဆေးထည့်။”

“သူမကို အရင်ဆွဲလိုက်ဦးမယ်။ မဟုတ်ရင် သူမသေသွားလိမ့်မယ်။”  Mu Linger မှာ ပြန်ဖြေလိုက်သည်။

“သူမနဲ့ထိုက်တန်တယ်။” Jin Zi မှ ကြေငြာလိုက်သည်။

“ ရှင့်ရဲ့ဇာစ်မြစ်ကို တကယ်မသိချင်တော့ဘူးလား။” Mu Linger မှာ မေးလိုက်သည်။ သူမ ဘာကြောင့် စိတ်ဆိုးနေမှန်းတောင် မသေချာတော့ပ။ ထိုအမျိုးသားဖြင့် စကားပြောတိုင်း သူမ စကားသုံးခွန်းအတွင်း ဒေါသထွက်ရသည်။

“ငါ့ကိစ္စ မင်းကို ဂရုစိုက်စရာ မလိုဘူး။သွား.. ဆေးသွားလိမ်း။” Jin Zi မှာ သူမကို အိမ်ဆီသို့ ဆွဲခေါ်သွားသော်လည်း Mu Linger မှာ  လွတ်မြောက်ရန် ရုန်းကန်လိုက်သည်။

“ ရှင်လည်း ကျွန်မရဲ့ကိစ္စအတွက် စိတ်ပူစရာမလိုဘူး။”

“မင်း.. " Jin Zi မှာ အသက်ရှူသွင်းကာ စိတ်ဆင်းရဲစွာဖြင့် ကျိန်ဆဲလိုက်တော့သည်။ "Mu Linger မင်းဘယ်လောက် တုံးနိုင်ရတာလဲ။ မင်းမိဘတွေက မင်းကို ဦးနှောက်ပေးထားရဲ့လား။ ဒီနေရာက ဘယ်လောက်အန္တရာယ်ကြီးမှန်း မင်းမသိဘူးလား။ မင်းကိုဘယ်သူလာခွင့်ပေးတာလဲ။”

ငါ့ကို ကျိန်ဆဲရုံနဲ့ လုံလောက်ပြီ။ ဒါပေမယ့် ရှင်က ကျွန်မမိဘတွေကိုပါ ဆွဲထည့်နေတာလား။ Mu Linger မှာလည်း ဒေါသထွက်လာတော့သည်။ “Jin Zi ကျွန်မ ဒါကိုနောက်ဆုံးအကြိမ်ပြောမယ်။ ကျွန်မကိစ္စအတွက် ရှင်စိတ်ပူဖို့ မလိုဘူး။ ရှင် လူစကားပြောတာကို နားမလည်ဘူးလား။ ရှင် အခုချက်ချင်း၊ ဒီခဏအတွင်း အမြန်ထပြီး အဲဒီမိန်းမကို အထဲကို ခေါ်သွားလိုက်။ တကယ်လို့ သူမ သေသွားရင် ရှင့်မှာ ငိုဖို့တောင် အချိန်ရှိမှာ မဟုတ်ဘူး။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now