အခန်း(၁၂၂၄)

172 26 12
                                    

အခန်း(၁၂၂၄)

ပိုင်ရှင်။








လက်ဖက်ရည်ဆိုင်ထဲတွင် အလွန်တိတ်ဆိတ်နေကာ Ning Jing မှ ခေါင်းငုံ့ထားစဉ် Tang Li မှာ အသေးစိတ်အချက်အလက်တိုင်းကို တိုင်တန်းနေသည်။ Han Yunxi နှင့် Long Feiye တို့မှာ သူ့ကို မနှောင့်ယှက်ပဲ ငြိမ်သက်စွာ ဂရုတစိုက်ကြည့်နေကြသည်။ Tang Tang မှာ နှင်းလူသားလုပ်ရန် ပြေးသွားခဲ့သော်လည်း၊ ရူအာလေးမှာ သူမကို အကြည့်တစ်ချက်သာ ပေးကာ  Tang Li ကို Long Feiye နှင့် ဆင်တူသည့် အမူအရာဖြင့် ကြည့်နေသည်။

သူက ဘယ်လောက်နားလည်မှန်း သူကိုယ်တိုင်သာ သိနိုင်လိမ့်မည်။ 

Tang Li မှ စကားဆုံးသွားလျှင် Han Yunxi မှာ စားပွဲကို ရိုက်ကာ ပြောလိုက်သည်။ “ရယ်စရာပဲ.. လုံးဝကို ရယ်စရာကောင်းတယ်။”

Long Feiye မှာ အေးစက်စွာ ထပ်ပြောလိုက်သည်။ "Tang Li၊ ဒါ မင်းအဖေက အာဏာပိုင်ကို လှည့်စားတယ်လို့ ယူဆလို့ရလား။"

Long Feiye မှာ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုထံမှ မည်သည့်အစီရင်ခံစာကိုမျှ ရရှိခဲ့ခြင်း မရှိသော်လည်း Tang Zijin မှာ သူ၏ အမည်ကိုအသုံးပြုရန် သည်းခြေရှိနေကာ ပြသနာရှိနေသည်ဟုပင် ဆိုခဲ့သည်။ အကယ်၍ Ning Jing သာ များစွာ မသိထားခဲ့လျှင် သတင်းမှာ နင်မျိုးနွယ်သို့ ပျံ့နှံ့သွားပြီး ဒုက္ခမျိုးစုံ ဖြစ်လာစေနိုင်သည်။

“ဟုတ်တယ်။ အဲဒါက မင်းအမိန့်ကို အတုလုပ်ပြီး ကြီးလေးတဲ့ရာဇ၀တ်မှုနဲ့ အတူတူပဲ။” Tang  Li မှာ ဒေါသတကြီး ပြောလိုက်သည်။

Long Feiye မှာ အေးစက်စွာ နှာမှုတ်လိုက်သည်။ “ မင်းက နေသင့်တယ်။ သူက  မင်းကိုလိုက်ရှာတဲ့အခါ ကျန်း(ကိုယ်တော်)က သူရဲ့ပြစ်မှုတွေကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်လိမ့်မယ်။”

Tang  Li မှာ ဤစကားများကို စောင့်မျှော်နေခြင်းပင်။ သူက Long Feiye ၏သတင်းစကားကို ထန်မျိုးနွယ် သို့ပေးပို့ကာ Tang Zijin မှ သေချာကြားနိုင်ရန် လူများ သေချာပေါက် စေလွှတ်မည်ပင်။ ယခုတော့ အဖေကို ခြိမ်းခြောက်သည့် သားတစ်ယောက်ထက်မက ဧကရာဇ်မှာ Tang Zijin ကို ခြိမ်းခြောက်နေခြင်း ဖြစ်သွားတော့သည်။ Tang Zijin မှာ Tang Li ကို ကိုယ်လုပ်တော်များ ယူခိုင်းရန် အကြံအစည်ကို စွန့်လွှတ်ကာ သူ့ကို စိတ်လိုလက်ရ ပြန်လာစေနိုင်သည် သို့မဟုတ် သူ၏ အမှားကို ဝန်ခံပြီး ဆိုင်တွင် စကားပြောရန် ယွင်နင်းသို့ လာနိုင်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now