အခန်း(၁၃၃၀)

94 16 2
                                    

အခန်း(၁၃၃၀)

ရောဂါထလာခြင်း။




Qin Min မှာ Gu Beiyue ၏ ဆေးရည်စိမ်ခြင်းကို ကြီးကြပ်ပေးရင်း အပ်စိုက်ကုထုံးနည်းလမ်းကို လုပ်ဆောင်နေခဲ့သည်။ ဆေးဝါးနှင့် အပ်စိုက်ကုထုံးကို ပေါင်းစပ်ခြင်းက ပို၍ ထိရောက်မှုရှိမရှိ Gu Beiyue နှင့် ဆွေးနွေးချင်ခဲ့သည်။ သူတို့၏ ငါးနှစ် သဘောတူညီချက်ရပြီးကတည်းက Gu Beiyue ၏ သဘောထားမှာ အလွန်အပြုသဘောဆောင်လာခဲ့သည်။ သူက Qin Min ၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းကာ သူ၏ အခြေအနေနှင့် ပိုမိုကောင်းမွန်သော ကုသမှုနည်းလမ်းများကို သူမနှင့် ရှာဖွေခဲ့သည်။

နောက်ဆုံးတော့ သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမှာ သူမ ထက်သာလွန်လေသည်။

Qin Min မှာ အပ်စိုက်ကုထုံးကို ရနံ့ကုထုံးဖြင့် အဆိုပြုခဲ့ပြီး သူက ဝမ်းမြောက်စွာ လက်ခံခဲ့သည်။ တစ်လျှောက်လုံးတွင် Qin Min ၏ ဆန္ဒအတိုင်း ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အရာအားလုံးတွင် ကူညီပေးခဲ့သည်။ ထို့ကြောင့် သူတို့က တစ်နေ့လျှင် ဆေးစိမ်ခြင်းတစ်ကြိမ်၊ အပ်စိုက်ကုထုံးတစ်ကြိမ်ဖြင့် ဤကုသမှုအစီအစဉ်ကို စတင်ခဲ့သည်။ အတိတ်တွင် Gu Beiyue ၏ ရောဂါလက္ခဏာများမှာ တစ်လတွင် နှစ်ကြိမ် ဖြစ်ပေါ်လာသော်လည်း အပ်စိုက်ကုထုံးပြီးနောက် တစ်လတွင် တစ်ကြိမ်သာ ဖြစ်လာ တော့သည်။ Gu Beiyue မှာ ပေါ့ပေါ့ပါးပါး ပြုံးနေချိန်တွင် Qin Min  မှာ ပီတိဖြစ်နေခဲ့သည်။ သို့ရာတွင် မကြာခင် နောက်လ၌ Gu Beiyue ၏ ရောဂါလက္ခဏာများမှာ သုံးကြိမ်ဖြစ်ပွားလာချိန်တွင်တော့ Qin Min မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။

သူမ၏မျက်လုံးများမှာ နီရဲနေစဥ် Gu Beiyue မှာ သူမကို နှစ်သိမ့်ပေးရင်း အပြင်လူကဲ့သို့ ထင်ရသည်။ "အဆင်ပြေပါတယ်။ ရောဂါတွေ ပြန်ဖြစ်တတ်တာ ပုံမှန်ပါပဲ။ နောက်တစ်ကြိမ် ကြည့်ရအောင်။"

သို့ဖြင့် အပ်စိုက်ကုထုံးနှင့် ဆေးစိမ်ခြင်းတို့မှာ ဆက်လက်တည်ရှိနေခဲ့သည်။ Qin Min  မှာ ဥယျာဉ်စိုက်ပျိုးရန်ပင် မေ့သွားကာ အပ်စိုက်ကုထုံးနှင့် ရနံ့ကုထုံးဆိုင်ရာ နည်းစနစ်များကို နေ့ရောညပါ တွေးတောနေခဲ့သည်။ Gu Beiyue မှာ Qin Min ၏ ကုသမှု၊ အရိပ်အား ကိုယ်ခံပညာ သင်ကြားခြင်းနှင့် ပုံမှန်တာဝန်များ ထမ်းဆောင်ခြင်းကြားတွင် သူ၏အချိန်ကို ပိုင်းခြားထားသည်။ သူက အိမ်ရှေ့စံအား မည်ကဲ့သို့ ဖတ်ရမည်၊ သမိုင်းကို လေ့လာရမည်နှင့် နိုင်ငံရေးကို အကဲဖြတ်ရမည်ကို သင်ကြားပေးခဲ့သည်။ သူက ဆေးပညာဌာနနှင့်လည်း အလုပ်ရှုပ်နေတတ်သည်။ Long Feiye ၏ ဗျူဟာမှူးများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို မကြာခဏ ပြောလေ့ရှိသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now