အခန်း(၁၂၇၅)

105 17 0
                                    

အခန်း(၁၂၇၅)

အံအားသင့်ရသော။





Qin Min မှာ အမှားလုပ်ထားသော အစေခံမိန်းကလေးကဲ့သို့ ခေါင်းငုံ့ထားသည်။ သူမ၏ သနားစရာကောင်းသည့် အခြေအနေကို မြင်လျှင် Gu Beiyue မှာ သူမကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ပဲ မထင်မှတ်စွာ ပြုံးလိုက်မိလေသည်။

"မင်းဘာအမှားလုပ်မိလို့လဲ။" သူက.မေးလိုက်သည်။

"ကျွန်မ ပြေးလွှားမနေသင့်ဘူး။" Qin Min မှာ တုံ့ပြန်လိုက်ပြီးနောက် ပြင်ဆင်လိုက်ပြန်သည်။ "အနည်းဆုံးတော့ ကျွန်မဘောလုံးမပါပဲ။"

"ဘောလုံး။" Gu Beiyue မှာ နားမလည်နိုင် ဖြစ်သွားတော့သည်။

"ဗိုက်အတုပါ။" Shaoyao မှာ အလျင်အမြန် ရှင်းပြလိုက်သည်။ “သခင်ကြီး၊ ဘောလုံးဆိုတာ ဗိုက်အတုပါ။"

Gu Beiyue မှာ မျက်နှာတည့်တည့်ထိန်းရန် ခက်ခဲ နေတော့သည်။ "ဘာလို့ မင်းနဲ့ မယူသွားတာလဲ။"

Qin Min မှ ပြန်မဖြေနိုင်ခင် Shaoyao မှ ပြောလိုက်သည်။ “ အဲ့တာက လေးတယ်။ သခင်ကြီး.. ခါးမှာ ချိတ်ထားတဲ့ ဘောလုံးကြီးနဲ့ လှည့်ပတ်ပြေးဖို့ ဘာလို့ မကြိုးစားကြည့်တာလဲ။ မတ်တပ်ရပ်ဖို့ ထိုင်ဖို့ ခက်တဲ့အပြင် ခါးလည်းနာတယ်။ နောက်ပြီး ကိုယ်ဝန်ရှိချင်ယောင်ဆောင်နေတာကြောင့် သတိထားရဦးမယ်။ အဲ့တာက အရမ်း အဆင်မပြေပါဘူး။"

Qin Min မှာ Shaoyao ကို ပါးစပ် ပိတ်ထားရန် ကြည့်လိုက်သော်လည်း မိန်းကလေးမှာ သတိမထားမိဟန်ဆောင်နေသည်။

သို့သော် Gu Beiyue ၏မျက်လုံးများမှ မည်သည့်အရာက လွတ်မြောက်နိုင်မည်နည်း။ အသံတိတ်သက်သေအဖြစ် သူက မေးလိုက်သည်။ “မင်းဘယ်သွားတာလဲ။”

"မြစ်ကမ်းအပျော်စီးလှေကနေ ပြန်လာတော့ နည်းနည်း ဈေးဝယ်ထွက်ခဲ့တာ။" Qin Min  မှာ ရိုးသားစွာ ဝန်ခံလိုက်သည်။

Shaoyao မှာ ဘေးနားတွင်သာ စိတ်မပူပဲ မနေနိုင်တော့ပေ။ ချက်ချင်းပင် သူမ ထပ်ထည့်ပြောလိုက်ပြန်သည်။ “သခင်ကြီး၊ သခင်မက မုန့်တစ်ချို့ လုပ်ပေးချင်တာ။ ဒါကြောင့် ပဲတစ်ချို့ သွားဝယ်ခဲ့တယ်။ အဲဒီလို မလုပ်ခဲ့ရင် ဧကရာဇ်နဲ့ ဧကရီဆီ တိုးမိမယ့်အစား စောစော အိမ်ပြန် ရောက်နိုင်လိမ့်မယ်။”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now