အခန်း(၁၂၃၉)

134 25 2
                                    

အခန်း(၁၂၃၉)

အဆင့်အတန်း။








၉ ရက်နေ့ မနက် ရုံးတော်တွင် မွေးနေ့ပွဲအကြောင်းကို မှူးမတ်များ တစ်ယောက်တစ်လေမှ မပြောကြပေ။ အချို့မှာ မဝံ့ရဲကြပေ။ အခြားသူများမှာ ရည်ရွယ်ချက်ရှိရှိ ငြိမ်နေကြသည်။ ရုံးတော်အစည်းအဝေး၏ အဓိကအချက်မှာ မြောက်ပိုင်းလီ၏ ဆီးနှင်းဘေးအန္တရာယ်အကြောင်း ဖြစ်နေဆဲပင်။ ကျယ်ပြန့်သော အဖွဲများနှင့် ၎င်းတို့၏ အကျိုးစီးပွားများ ပါ၀င်နေသော အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင်လည်း အခြေအတင် ဆွေးနွေးခဲ့ကြသည်။

Long Feiye မှာ အခွန်ပြောင်းရန် အလျင်စလိုမရှိသောကြောင့် ၎င်း၏ အတိမ်အနက်ကိုတိုင်းတာရန် ရေကန်၏မျက်နှာပြင်ပေါ်သို့ ရိုးရှင်းစွာ ကျောက်တုံးတစ်တုံးကို ပစ်ချလိုက်ခြင်းပင်။ ရုံးတော်ခေတ္တ ရပ်နားပြီးနောက်တွင် သူက ပုံမှန်အတိုင်း တော်ဝင်စာကြည့်ဆောင်သို့ သွားရောက်ခဲ့သည်။  ထိုမနက်ခင်းရုံးတော်မှာ မှူးမတ်များကို ကိစ္စများ တိုင်ကြားဆွေးနွေးစေကာ ဧကရာဇ်မှ ဖြေရှင်းလိုသည့်အကြောင်းအရာများကို ဖော်ပြခြင်းပင်။ စစ်မှန်သော ဆုံးဖြတ်ချက်များသည် ရုံးတော်နှင့် ဝေးကွာသော စာကြည့်ခန်းတွင် လုပ်ဆောင်လေသည်။ Long Feiye မှ စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အရာရှိများမှာ သူ၏ နောက်သို့ လိုက်လာပြီး တွေ့ခွင့် တောင်းဆိုနေကြသည်။

ထိုအချိန်တွင် Han Yunxi နှင့် ရူအာလေးမှ နိုးလာစပင်။ အမှန်တွင် ရူအာမှာ အဖော်လုပ်ရန် ရှောင်နေလေ့ရှိသည့်တိုင် Tang Tang နှင့် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ထားသည်။ နှစ်ယောက်သား အတူတူ ဆော့ကစား နိုင်ခဲ့ကြသော်လည်း အသီးသီး ကိုယ်လုပ်ချင်သည်အားသာ လုပ်နေကြသည် ။ Han Yunxi နှင့် Ning Jing တို့မှာ အစေခံများထံ ကလေးများကို ထားခဲ့ကာ စစ်ဆေးရေးလုပ်ငန်းများ စတင်လိုက်သည်။

မွေးနေ့ပွဲအတွက် ပြင်ဆင်ရန် Han  Yunxi  မှာ ရက်ပေါင်းများစွာ တိတ်တဆိတ် အလုပ်ရှုပ်နေခဲ့သည်။ မနေ့ညက သူမနှင့် Ning Jing တို့မှာ အိပ်ရာမဝင်မီ အလွန်နောက်ကျအောင် နေခဲ့ပြီးမှ အိပ်ခဲ့ကြသည်။ ယခု Han Yunxi  မှာ ဧကရီသရဖူကို ၀တ်ဆင်ထားသော်လည်း  အချုပ်အခြာအာဏာရှင်၏ အရှိန်အဝါကို မဖော်ပြသေးပေ။ လူများစွာက သူမကို မေးခွန်းထုတ်လိုဟန် ကြည့်နေသောကြောင့် သူမက မဟာချင်၏ ဧကရီ အဖြစ် အဆင့်အတန်းနှင့် ထိုက်တန်မှု ရှိမရှိ ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ပြသပေးမည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now