အခန်း(၁၂၄၇)

138 22 0
                                    

အခန်း(၁၂၄၇)

ဆုံးဖြတ်ချက်ချမှတ်ရန်။







ဆူပူအုံကြွသူများ၏ ခေါင်းဆောင်များမှာ ဧကရာဇ်၊ ဧကရီနှင့် မှူးမတ်များရှေ့တွင် ခြေထောက်များ ဂျယ်လီအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သော စာပေပညာရှင်နှစ်ဦးဖြစ်သည်။

တစ်ယောက်က ဒူးထောက်နေပြီး နောက်တစ်ယောက်မှာ လုံးလုံးလျားလျား လဲကျနေကာ ထပင်မထနိုင်ပေ။

“အရှင်မင်းမြတ်၊ သက်ညှာပေးပါ… အရှင်မင်းမြတ်၊ ကျွန်တော်တို့ကို သက်ညှာပေးပါ၊ ဒီအရပ်သားက အသုံးချခံရတာပါ။”

“အရှင်မင်းမြတ်၊ ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်။ ဒီအရပ်သားက ဘာမှမသိပါဘူး။ တစ်ယောက်ယောက်က ကျွန်တော်တို့ကို လှုံ့ဆော်ပေးခဲ့တာပါ။”

အမျိုးမျိုးသော အမူအရာများဖြင့် လူအုပ်ကြီးမှ သူတို့ကို နှုတ်ဆက်လာတော့သည်။ Han  Yunxi မှာမူ အေးစက်စွာ ပြုံးလိုက်တော့သည်။ သူမ.ဤခေါင်းဆောင်နှစ်ဦးကို အလွန်အမင်း တွက်ဆခဲ့မိသည်။ သူမ၏ မူလအစီအစဉ်မှာ သူတို့ကို ခန်းမထဲသို့ ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းရန် ဖြစ်သော်လည်း စစ်မေးခြင်း မပြုမီပင် သူတို့က လက်လျော့လာကြသည်။

"မင်းတို့ကိုဘယ်သူခိုင်းတာလဲ။" Long Feiye မှ မေးလိုက်သည်။ Han Yunxi ၏ မဟာအစီအစဥ်တွင် မည်သည့်အကြောင်းအရာများ ပါရှိသည်ကို သူက မသိသော်လည်း ပန်းကန်ခွက်ယောက်များအကြောင်း တိုက်ရိုက်မေးမြန်းရန် မိုက်မဲနေမည်မဟုတ်ပေ။ သူ၏ ဒေါသသံမှာ တစ်ယောက်အား သတိမဲ့သွားသည်အထိ ထိတ်လန့်တုန်လှုပ်သွားစေကာ ကြောက်လန့်၍ သတိလစ်သွားတော့သည်။

ယခု ဧကရာဇ်၏ တိတ်ဆိတ်မှုမှာ Baili Yuanlong နှင့် Baili Lixiang တို့ကို ထိတ်လန့်လာစေတော့သည်။ သူတို့အတွက် ကပ်ဘေးကျရောက်တော့မည်ဟု ပြောလျှင်ပင် ချဲ့ကားနေခြင်းမဟုတ်ပေ။ ခန်းမအပြင်ဘက်တွင် ကျန်ရှိနေသော အသိရှိနေဆဲ စာပေပညာရှင်မှာ စကားဖြောင့်ဖြောင့်တန်းတန်း ပြောရန်အတွက်ပင် အလွန်ကြောက်ရွံ့နေလေသည်။ အထစ်ထစ်အငေါ့ငေါ့ဖြင့် “အဲဒါ…အဲဒါ နန်းတော်ထဲက မိန်းမစိုးတစ်ယောက်က ဒီအရပ်သားကို  ဒီလိုပြုမူဖို့ ပြောခဲ့တာပါ။”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now