အခန်း(၁၂၄၄)

142 24 2
                                    

အခန်း(၁၂၄၄)

အငြိမ်းစား ယူခြင်း။





Han Yunxi ၏ အေးစက်သောမေးခွန်းနှင့် ရင်ဆိုင်ရချိန်တွင်ပင် Baili Yuanlong မှာ အပြစ်ကင်းစင်ဟန် ပြုမူနေသည်။ အကယ်၍ သမီးကြီး၏ ညွှန်ကြားချက်ကြောင့် မဟုတ်လျှင် ယခုအချိန်တွင် သူက သည်းခံနေမည် မဟုတ်ပေ။ သနားစရာကောင်းဟန် ပို၍ ပြုမူနေမည် မဟုတ်ပေ။

အမှားပြုထားဟန်တူသော်လည်း အားကိုးရာမဲ့နေဟန်ဖြင့် သက်ပြင်းချကာ ပြောလာသည်။ “လေးစားရတဲ့ ဧကရီ၊ ဒီပုလဲနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဘာမှ မရှိပါဘူး။ မြောက်ပိုင်းလီမှာ ဆီးနှင်းဘေးအန္တရာယ်တွေ ကြုံတွေ့နေရပြီး မရေမတွက်နိုင်အောင် သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာသူတွေ ရှိနေတာနဲ့အတူ ကျွန်တော်တို့ရဲ့ မဟာချင်နိုင်ငံသားတွေ နေအိမ်တွေက ရွှေ့ပြောင်းနေရရင်း အအေးဒဏ်နဲ့ ဆာလောင်နေရပါတယ်။ ဒီအဘိုးကြီးက ညဘက်ဆို မအိပ်နိုင်ပဲ နေ့ဘက်မှာ အစာမစားနိုင်တော့ပါဘူး။ မြောက်ပိုင်းလီက ဒုက္ခသည်တွေနဲ့ စစ်သားတွေကို ကူညီပေးနိုင်ဖို့အကြောင်း အမြဲတွေးနေခဲ့ပါတယ်။ အိမ်ရှေ့စံအတွက် ခမ်းနားတဲ့လက်ဆောင်ကို ပြင်ဆင်ဖို့ အမှန်တကယ် အချိန်မရှိတာပါ။ ဒီပစ္စည်းက နိမ့်ကျပေမယ့် ဒီလက်အောက်ငယ်သားရဲ့ နှလုံးသားက မှန်ကန်ပါတယ်။ ကျွန်တော်က မဟာပရိယတ်ကုနဲ့ မြောက်ပိုင်းလီက ဒုက္ခသည်တွေနဲ့အတူ နှလုံးသားတစ်သားတည်းရှိပြီး တော်ဝင်မျိုးနွယ်က သနားမှုအတွက် မဟာချင်ရဲ့နိုင်ငံသားတွေနဲ့ ဆုတောင်းပါတယ်။ ကျွန်တော်တို့ရဲ့ မဟာချင်က ဘေးဒုက္ခတွေ ထပ်မကြုံပါစေနဲ့။"

Han Yunxi နှင့် Long Feiye တို့ကို ဘေးဖယ်ထားခဲ့လျှင်ပင် Baili Yuanlong နှင့် မရင်းနှီးသူများပင် သူ၏စကားကြောင့် အံ့အားသင့်သွားကြသည်။ မည်သို့တောင် ထေ့ငေါ့ သရော် နေသည်လဲ။ မြောက်ပိုင်းလီ၏အတိဒုက္ခကို လျစ်လျူရှုထားစဥ် ဘေးဥပဒ်များအထက်၌ အိမ်ရှေ့စံ၏မွေးနေအတွက် များစွာ အားထုတ်ခဲ့သော ဧကရီအား ပြစ်တင်ရှုတ်ချရုံသာမက Gu Beiyue အား သူ၏ ဘက်သို့ဆွဲခေါ်ကာ ကမ္ဘာ့မြေပုံကို လက်ဆောင်ပေးရခြင်း၏ ရည်ရွယ်ချက်အမှန်ကို အလေးပေးပြောကြားခဲ့ပြီး Han Yunxi  အတွက် နောက်ထပ်ဓားတစ်ချောင်း ထိုးစိုက်လိုက်သည်။ အဆုံးတွင် Gu Beiyue မှာ သူမ၏ အရင်းနှီးဆုံး လက်အောက်ခံ ဖြစ်သင့်သည်။ ထို့အပြင် အိမ်ရှေ့စံမှာ ဤသေးငယ်သောလက်ဆောင် သို့မဟုတ် နိမ့်ပါးဟန် ရှိသော်လည်း အအလေးချိန် ရှိလာသည့် လက်ဆောင်ကို လက်ခံရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရသည်။ အသေအချာပင် အိမ်ရှေ့စံမှာ ထိုအရာများကို နားလည်ရန် ငယ်ရွယ်လွန်းသောကြောင့် သွယ်ဝိုက်စော်ကားခြင်းမှာ သူ၏မိခင် Han Yunxi အတွက် ပို၍ ဦးတည်နေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now