အခန်း(၁၂၉၁)

110 20 2
                                    

အခန်း(၁၂၉၁)

ငိုကြွေးခြင်း။







အဖြူရောင်ကြီးမှာ Mu Linger ကို ရင်ဘတ်တွင် အုပ်ထားစဉ် တိရစ္ဆာန်များအားလုံးမှာ ၎င်းတို့၏သခင်မထံမှ အမိန့်ကို စောင့်မျှော်နေသည်။ ကျား၏ ခြေသလုံးနှင့် တင်ပါး နှစ်ဖက်စလုံးတွင် ခြစ်ရာများ ဖုံးအုပ်နေပြီး သူ၏ မြင့်မြတ် ဖြူဖွေးသော အမွေးများတွင် လတ်ဆတ်သော သွေးစိမ်းများဖြင့် စွန်းထင်းနေသည်။ သူက တိရစ္ဆာန်များကို ခြုံကြည့်ကာ အဝေးမှ အမျိုးသမီးအား သတ်ဖြတ်လိုစွာ လှမ်းကြည့်လိုက်သည်။ အကယ်၍ Mu Linger ကို ကာကွယ်စရာ မလိုခဲ့လျှင်၊ သူက ချက်ချင်းပင် ထိုမိန်းမကို အပိုင်းပိုင်း ကိုက်ခဲမိလိမ့်မည်။

သူကခေါင်းကို မြှောက်ကာ ကောင်းကင်သို့ ဟိန်းဟောက်၍ တောင်ပေါ်မှ အခြားကျားများကို ခေါ်ယူရန် မျှော်လင့်နေသည်။ သို့သော် ၎င်းတို့မှာ နှင်းတောင်ပေါ်တွင် မနေကြသဖြင့် သူ၏ခေါ်သံကို မကြားနိုင်ကြပေ။ ဤကျားကြီးမှာ အခြားကျားများနှင့် မတူကြောင်း အမျိုးသမီးမှ မှန်းဆမိနေသည်မှာ ကြာပြီပင်။ ဤကောင်မစုတ်လေးကို ဖြေရှင်းပြီးနောက် မျက်လုံးနီသော သားရဲကို ညှဉ်းပန်းနှိပ်စက်ရန် စီစဉ်ခဲ့သော်လည်း တိုက်ပွဲဖြစ်လာရန် မမျှော်လင့်ခဲ့ပေ။ ကျား၏အစွယ်၊ ခြေသည်းများနှင့် သွေးအားလုံးမှာ အလွန်အဆိပ်ပြင်းထန်ပြီး အဆိပ်ကျားဖြစ်နေကြောင်း သူမ တွေ့ရှိလိုက်သည်။

နက်နဲကုန်းမြေကြီး၏ သားရဲများစုဝေးရာနေရာ၊ မဟူရာတောအုပ်တွင် ကြီးပြင်းလာခဲ့ပြီးနောက်တွင်ပင် သူမ ထိုကဲ့သို့အဆိပ်ရှိသော ကျားများကိုမမြင်ဖူးပေ။ ၎င်းမှာ တိမ်တိုက်ကုန်းမြေကြီးမှ ထူးခြားသော မျိုးစိတ်တစ်ခု ဖြစ်နိုင်မလား။

"ဝေါင်း… ဝေါင်း.." ကျားဖြူမှာ အမျိုးသမီးထံ မရပ်မနားဟိန်းဟောက်နေသည်။

“နင်ဘာတွေအော်နေတာလဲ။ ငါ နင့်ကို အခုပြောလိုက်မယ် ဒီသခင်မလေးက အဆိပ်ဖြေဆေးမရရင်တောင် နင့်အသက်ကို လိုချင်နေသေးတယ်။”.သူမက နှင်းကျားသစ်များနှင့် ဝံပုလွေများအားလုံးကို သားရဲလျှာဖြင့် စကားအနည်းငယ်ပြောကာ ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now