အခန်း(၁၃၅၀)

91 16 0
                                    

အခန်း(၁၃၅၀)

ထိုက်တန်သော ခရီး။








အသေးလေးမှာ လူကြီးမင်းတွင် တစ်စုံတစ်ခု မှားယွင်းနေမှန်း သတိပြုမိနေသည်မှာ ကြာပြီပင် ။ သူက ခြံဝန်းနားကို ကပ်လိုက်သည်နှင့် ဆေးရနံ့များ ရလိုက်သည်။ အနံ့ခံရန် ကျောက်စည်ကြီးဆီ ပြေးသွားခဲ့သည်။ အသေအချာပင် လူကြီးမင်းမှာ ကျန်းမာရေးချို့တဲ့နေပြီး ဆေးရည်စိမ်နေရကြောင်း  သူက သိနေခဲ့သည်။ သို့ရာတွင် ဤတစ်ကြိမ်တော့ တစ်စုံတစ်ခု မူမမှန်သကဲ့သို့ ခံစားနေရသည်။ ထိုရေစည်၏ ရနံ့မှ ဆုံးဖြတ်ရလျှင် လူကြီးမင်းမှာ အတွင်း၌ အချိန်ကြာမြင့်စွာ စိမ်နေခဲ့ရမည်။

လူကြီးမင်း၊ မင်းဘာဖြစ်နေတာလဲ။

Gu Beiyue မှာ အသေးလေး ကိုတွေ့မြင်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သောကြောင့် မခုခံနိုင်ပဲ သူ၏ မေးစေ့ကိုကုတ်ရန် လက်လှမ်းလိုက်သည်။ အသေးလေးမှာ သူ၏ လက်ချောင်းရှည်များတွင် ကပ်နေရင်း ညင်သာစွာ  ပွတ်သပ်ကာ သူ၏နှလုံးသားတွင် ထုတ်မပြောနိုင်သည့် အဆုံးမရှိသော ဝမ်းနည်းခြင်းများနှင့် ပြည့်နေလေသည်။ သူက ယခုမှစပြီး  သူ့ကို နှောင့်ယှက်သူ သို့မဟုတ် တွယ်ကပ်နေသူကို လျစ်လျူရှုထားရန် တိတ်တဆိတ် ကတိပြုလိုက်သည်။ သူက လူကြီးမင်းနှင့် အချိန်ဖြုန်းပြီး သူ့ကို စောင့်ရှောက်ချင်သည်။

Gu Beiyue မှ အဆောက်အဦးမှ ထွက်လာချိန်တွင်  Qin Min မှာ သူ၏ နောက်မှ လိုက်လာခဲ့သည်။
" ရှင် ဆေးရည်စိမ်ဖို့ အချိန်ရောက်ပြီ မဟုတ်ရင်..."

Qin Min ၏ စကားမဆုံးခင်ပင် Gu Beiyue မှာ သူ၏အသံကို ဖုံးကွယ်ပြီး ချောင်းဆိုးလိုက်သည်။ မကြာမီ သူ၏ လက်ချောင်းများမှ သွေးစိမ်းများ စီးကျလာတော့သည်။

"မြန်မြန်။ ကျွန်မ ဆေးကျိုပြီးပြီ။" Qin Min မှာ ထိတ်လန့်သွားတော့သည်။

Gu Beiyue မှာ ကလေးများရှေ့တွင် ထိုမျှကြာအောင်နေခြင်းမှာ ကန့်သတ်ချက်ရောက်နေပြီ ဖြစ်သည်။ သူက မကြည့်ချင် သောကြောင့်မဟုတ်ပဲ မလုပ်နိုင်သောကြောင့် ဖြစ်ကာ ပါးစပ်မဖွင့်နိုင်သောကြောင့်ပင်။ သူက နောက်ထပ် နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်ပြီး လက်ဖဝါးတွင် သွေးများ စွန်းထင်းသွားတော့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now