အခန်း(၁၃၄၄)

93 12 0
                                    

အခန်း(၁၃၄၄)

ရွံ့ရှာသည်။





"Ah-Cheng၊ Ah-Cheng၊ Ah-Cheng..."

Cheng'er မှာ Ning Cheng ကိုကြည့်ကာ အဆက်မပြတ် ခေါ်နေသည်။ Ning Cheng မှာ သူမ၏ လက်ကို လျင်မြန်စွာ လွှတ်လိုက်ပြီး အပြုံးဖြင့် စာရွက်နှင့် စုတ်တံကို ပေးလိုက်သည်။

“ကိုယ်နေမယ်။” သူက လေးလေးနက်နက် ဖိပြောလိုက်သည်။

"စီးပွားရေးသမားတွေက ကိစ္စတွေကို လုပ်ငန်းစည်းမျဥ်းတွေအရ လုပ်ကြတာ။ စကားလုံးတွေက ဘာမှအဓိပ္ပာယ်မရှိဘူး၊ စာရွက်က သက်သေပဲ။" Cheng'er မှာလည်း လေးနက်လာသည်။

"မင်း ကိုယ့်ကို အဲ့လောက်မယုံဘူးလား။" Ning Cheng မှ မေးလိုက်သည်။

"ဒါက ရှင် ကျွန်မကိုကမ်းလှမ်းတဲ့ ရိုးသားမှုပဲလား။" Cheng'er မှ ပြန်ပြောသည် ။

Ning Cheng မှာ သူမနှင့် ညှိနှိုင်းလိုစိတ် မရှိတော့ပေ။ သူက စုတ်တံကိုယူကာ Cheng'er ၏ ကျွန်အဖြစ် ကိုယ့်ကိုကိုယ် ရောင်းချသည့် စာချုပ်စာတမ်းကို ပွင့်ပွင့်လင်းလင်း ရေးပေးလိုက်သည်။ သူမ သူ့ကိုသတိမပေးခင် စာကြည့်စားပွဲပေါ်မှ တံဆိပ်တုံးတစ်ခုရှာပြီး သူ၏ လက်ဗွေဖြင့် သဘောတူညီချက်ကို အမှတ်အသားပြုလိုက်သည်။ Cheng'er မှာ စကားလုံးတိုင်းကို အစမှအဆုံးထိကြည့်လိုက်ပြီး သူမ၏ လက်ချောင်းကို ကိုက်ကာ သူမ၏သွေးတံဆိပ်ကို ထည့်လိုက်သည် ။

"ကောင်းပြီ Ah-Cheng။ ဒီနေ့ကစပြီး ရှင် အသက်ရှင်နေတဲ့အချိန်မှာ ကျွန်မရဲ့ Shangguan Cheng'er ရဲ့လူပဲ၊ သေသွားတဲ့အခါ ကျွန်မရဲ့ တစ္ဆေပဲ။ ကျွန်မ ရှင့်ကို သေချာပေါက် ကောင်းကောင်း ဆက်ဆံမှာပါ။" Cheng'er မှာ ရယ်လိုက်သည်။

Ning Cheng မှာ သူမအား လျစ်လျူရှုထားသောကြောင့် Cheng'er မှာ သွေးပေနေသော စိုက်အပ်ကို ထုတ်လိုက်ပြီး ဂရုတစိုက်  သုတ်၍ သန့်ရှင်းနေစဥ် သူက တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေသည်။ သူမ ပြီးဆုံးသွားသည်နှင့် သူက ယူရန် ပြင်လိုက်လျှင် သူမ ငြင်းလာလေသည်။ "ဒါက ကျွန်မတို့ရဲ့အချစ်တွေကို အသိအမှတ်ပြုဖို့ ရှင့်ရဲ့လက်ဆောင်လို့ ဟန်ဆောင်လို့ရတယ်။"

Ning Cheng ၏အကြည့်များမှာ ရှုပ်ထွေးလာကာ ရေရွတ်လိုက်သည်။ "ပြန်ပေး၊ ကိုယ်မင်းကို တစ်ခြားတစ်ခုပေးမယ်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now