အခန်း(၁၂၈၆)

101 22 0
                                    

အခန်း(၁၂၈၆)

အံဩ ဝမ်းသာဖွယ်။





Long Feiye မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဥ် Mu Linger မှာ  Han Yunxi အား ကူညီတွဲပေးရန် သူမထံ အပြေးအလွှား ရောက်လာသည်။  Han Yunxi မှာ အဆက်မပြတ် လေအန်ကာ မူးမော်နေသော်လည်း အန်ထုတ်နိုင်ခြင်း မရှိပေ။

"Jin Zi ၊ သမားတော်ရှာ.." Long Feiye မှာ ထိတ်လန့်နေလေသည်။

Jin Zi မှာလည်း ဤသို့အဖြစ်မျိုး ဖြစ်ပျက်သည်ကို တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။ သူက အစားအသောက်ကို ဂရုတစိုက် ရွေးချယ်ထားသဖြင့် ဘာပြသနာမှ မဖြစ်သင့်ပေ။

"ဘာ ငေးနေတာလဲ။ သမားတော် သွားရှာ။" Long Feiye ၏မျက်လုံးများမှာ လူသတ်ရန် အရိပ်အငွေ့များ ပြည့်နေသည်။

Jin Zi မှာ မနှောင့်နှေးတော့ပဲ Mu Linger မှာဆက်၍ စိုးရိမ်နေသည်။  “အစ်မ ဘာဖြစ်နေတာလဲ။ အန်တာ ရပ်အောင် ဘယ်လိုကူညီရမလဲ။"

သူမ သီးနေခြင်း မဟုတ်သည်မှာ ရှင်းလင်းနေပြီး ရိုးရှင်းစွာဖြင့် ဆိုးရွားစွာ ခံစားနေရကာ ပျို့အန်ချင်နေခြင်းပင်။ အကောင်းဆုံးနှင့် အမြန်ဆုံးဖြေရှင်းနည်းမှာ အားလုံးကို အန်ထုတ်လိုက်ရန်ပင်။ ထို့နောက် သူမက ပိတ်ဆို့နေခြင်း မရှိတော့ပဲ သက်တောင့်သက်သာ ဖြစ်လာလိမ့်မည်။

Han Yunxi မှာ တုံ့ပြန်ရန် အလွန် အားမရှိဖြစ်နေပြီး အဆင်ပြေကြောင်း ပြသရန် လက်ကို ဆက်ပြီး ဝှေ့ယမ်းလိုက်သည်။ ထိုကဲ့သို့ပင် Long Feiye နှင့် Mu Linger မှာ ဘာမှမတတ်နိုင်ပဲ Han  Yunxi မှ မသက်မသာ ခံစားနေရသည်ကို ကြည့်နေရသည်။ နာကျင်နေသည့်အချိန်တွေမှာသာ အနီးနားတွင် သမားတော်ရှိနေခြင်းကို တန်ဖိုးထားတတ်ကြသည်။ ထိုအချိန်တွင်  သုံးယောက်လုံးမှာ Gu Beiyue  အကြောင်း တွေးလိုက်မိကြသည်။

မကြာမီပင် Jin Zi မှာ သမားတော်အိုကြီးတစ်ဦးကို ခေါ်ဆောင်လာခဲ့သော်လည်း Han  Yunxi မှာ ပျို့အန်နေခြင်း ရပ်တန့်သွားပြီ ဖြစ်သည်။ သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေကာ အားအင်များစွာ မရှိတော့ပဲ စားပွဲပေါ်  မှောက်နေလေသည်။ Long Feiye နှင့် Mu Linger တို့မှာ သူမ၏အခြေအနေကို မေးမြန်းရန် ဝိုင်းရံလိုက်ရန် ပြင်လိုက်သော်လည်း သမားတော်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ သူက ချက်ချင်း ချဉ်းကပ်လာခြင်း မရှိပဲ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များကို သပ်ကာ Jin Zi ထံ ညည်းညူလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now