အခန်း(၁၂၉၇)

145 23 0
                                    

အခန်း(၁၂၉၇)

မြင့်မားသော။






မြင်ကွင်းကို မြင်ရပြီးနောက် Mu Linger ၏ ပထမဆုံး လုပ်ရပ်မှာ အမြီးလှည့်၍ ပြေးသွားခြင်း မဟုတ်ပေ။ ယင်းအစား၊ သူမ၏ သတိများပြန်လည်ကောင်းမွန်လာကာ Jin Zi နှင့် Feng Ying ၏ နံဘေးသို့ ပြေးသွားပြီး အားထည့်ကာ ထိုအမျိုးသားကို တွန်းဖယ်လိုက်ပြီး အမျိုးသမီးအား ပြင်းထန်စွာ ပါးရိုက်လိုက်လေသည်။

Feng Ying မှာ ၎င်းကို မမျှော်လင့်ထားသဖြင့် အထိအတွေ့မှ လှိမ့်သွားတော့သည်။ Jin Zi မှာ ခွန်အားမရှိတော့သဖြင့် တွန်းချခံရသည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ Mu Linger ၏ မျက်ရည်စများဖြင့် မျက်နှာကို ငေးကြည့်နေသည်။ သူက ရှင်းပြချင်နေသည့်တိုင် ဘယ်လိုရှင်းပြရမည်မှန်း မသိသကဲ့သို့ ဘာဖြစ်သွားမှန်းကို မသိပေ။ Mu  Linger  ကို အိပ်ပျော်စေရန် ဖက်ထားပြီးနောက်ပိုင်း သူ၏ မှတ်ဥာဏ်များမှာ ရပ်တန့်သွားခဲ့သည်။

Mu Linger မှာ သူ့ကို စိုက်ကြည့်နေပြီးနောက် လှည့်ကာ ထွက်ပြေးသွားတော့သည်။

"Mu Linger …" Jin Zi မှာ ထိတ်လန့်သွားတော့သည်။

Feng Ying မှာ လုံလောက်စွာ ပြန်၍ သတိဝင်လာပြီးနောက် ရေရွတ်လိုက်သည်။ "သူမ ငါ့ကို ရိုက်လိုက်တာလား။ သူမက ငါ့ကို တကယ် ရိုက်တယ်။"

Jin Zi မှာ သူမကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့တွင် ခွန်အားမရှိတော့သော်လည်း မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ဒေါသမီးတောက်များမှာ သူက ပို၍ ပူပြင်းလာသည်အထိ  တောက်လောင်ကာ Feng Ying မှ ကြောက်အလန့်တကြား ကျုံ့သွားတော့သည်။

“ကျွန်မ… ကျွန်မ ရှင် နေမကောင်းဘူးလို့ ကြားတာနဲ့ လာကြည့်တာ...." Feng Ying မှာ အသဲအသန် အကြံအစည်များ ထုတ်နေလေသည်။ " ဘယ်သူသိမှာလဲ... ရှင်က… ရှင်က….. Ling Ge .. ရှင် ကျွန်မကို အနိုင်ကျင့်နေတာပဲ။ ဘာလို့ ကျွန်မကို အော်နေသေးတာလဲ။"

Jin Zi မှာ အမှန်တရားအတွက် မေးခွန်းထုတ်ရန်ပင် စိတ်မ၀င်စားချေ။ "ငါ မင်းကို သတ်မယ်။"  သူက ကတိပြုလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now