အခန်း(၁၂၆၈)

129 20 2
                                    

အခန်း(၁၂၆၈)

အိပ်စက်ခြင်း။





ရူအာလေးမှာ Long Feiye ထံကပ်နေသဖြင့် သူ့ကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး အခြားတစ်ဖက်ဖြင့် Han Chen အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။

"ဒါက ဒီနှစ်နွေဦးရာသီ ကျန်းနန်က ပထမဆုံးအသုတ်  ပိလော့ချွမ်း အမျိုးအစားပါ။ လက်ဖက်ပင်တစ်ပင်စီက အလတ်ဆတ်ဆုံးအဖူးကိုပဲ ရွေးယူကြပြီး လက်ဖက်စိုက်ခင်းကြီးတစ်ခင်းက ဗူးသေးတစ်ဗူးပဲ ထုတ်လုပ်နိုင်ပါတယ်။" Long Feiye မှာ လက်ဖက်ရည် နှပ်နေစဉ် မိတ်ဆက်ပေးလိုက်သည်။

Gu Qishao မှာ ထိုစကားကြားပြီးနောက် သူ၏ လက်ဖက်ရွက်များကို တွင်းထဲသို့ တိတ်တဆိတ်လွှင့်ပစ်လိုက်တော့သည်။ သူက ပြောစရာမရှိတော့ပဲ နှာခေါင်းကို ပွတ်သပ်နေလိုက်သည်။ သူ၏ ဘေးတွင် ထိုင်နေသည့် Gu Beiyue မှာ အပြုအမူကို ရှင်းရှင်းလင်းလင်း မြင်လိုက်သော်လည်း ဘာကိုမှ ထုတ်မပြောပဲ ပြုံးနေလေသည်။

Han Chen မှာ ပထမခွက်ကို သောက်လိုက်ပြီး ချက်ချင်းပင် ချီးမွမ်းလိုက်သည်။ သူနှင့် Long Feiye တို့မှာ နက်နဲကုန်းမြေကြီး၏ လက်ဖက်ရည်အမျိုးအစားများအကြောင်း ရောက်သွားသည်အထိ ပီလော့ချွမ်း၏ မူလဇစ်မြစ်ကို စတင်ဆွေးနွေးခဲ့ကြသည်။

Gu Qishao နှင့် Han Yunxi တို့နှစ်ယောက်စလုံးမှာ အာရုံစိုက်ပြီး တိတ်တဆိတ် မှတ်သားနေကြသည်။

ပြီးသွားလျှင် Han Chen မှာ လက်တစ်ဖက်ကို ဆန့်တန်းကာ ပြောလိုက်သည်။ “ကလေး၊ အဘိုးက ချီရအောင် ၊ ဟုတ်လား။"

အဘိုး!!!

Han Chen မှာ Han Yunxi ကို သမီးအဖြစ် တရားဝင် အသိအမှတ်မပြုသေးသော်လည်း မြေးကို အသိအမှတ်ပြုနေပြီဖြစ်သည်။ သမီးအရင်းကို သဘောကျသည်ထက် Han Chen မှာ သမက်နှင့် မြေးကို ပို၍ သဘောကျနေသည်။ ၎င်းမှာ ဘယ်လို ထူးဆန်းသော စိတ်ထားမျိုးလဲ။ Han Yunxi အတွက် စကားမရှိတော့ပေ။

ရူအာမှာ Han Chen ကို မလှုပ်မယှက် စိုက်ကြည့်ရင်း နားမလည်နိုင်ဖြစ်နေသည်။ နောက်ဆုံးတော့ အမေကို မေးခွန်းထုတ်ဟန်ဖြင့် ကြည့်လိုက်လေသည်။

"ဘာလဲ…မင်းအမေသဘောမတူမှာကို ကြောက်နေတာလား။" Han Chen မှာ ကလေးလေးများဖြင့် ဆက်ဆံနေချိန်တွင်ပင် အေးစက်နေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now