အခန်း(၁၂၁၆)

174 26 6
                                    

အခန်း(၁၂၁၆)

အမှန်တရားကို ဖော်ထုတ်ခြင်း။






Ning Jing ၏ စကားများမှာ ရှင်းရှင်းလင်းလင်း စော်ကားလိုက်ခြင်းပင်။

"Ning Jing၊ အဲ့ဒီပါးစပ်ကို သန့်ရှင်းအောင်ထား.." ပဉ္စမအကြီးအမှူးမှာ ဟိန်းဟောက်လိုက်သည်။

"ခင်များ ပုန်ကန်နေတာလား။" Tang  Li မှာ ပို၍ပင် ဒေါသဖြစ်နေသည်။ "ဂိုဏ်းခေါင်းဆောင်ရဲ့ ဇနီးနာမည်ကို ခေါ်ဖို့ ဘယ်သူက ခင်များကို ခွင့်ပြုထားတာလဲ။" အကြီးအမှူးများမှာ သူ့ကို သို့မဟုတ် Ning Jing ကို သူတို့အမြင်တွင် လုံးဝမထားခဲ့ကြောင်း သူက ပြောနိုင်သည်။

"မျိုးနွယ်ခေါင်းဆောင်၊ သခင်မက တစ်ပါးသူကို အပုပ်ချနေတာပဲ။” ပဉ္စမအကြီးအမှူးမှာ မကျေမနပ်ဖြင့် ရှင်းပြလာသည်။

ဘေးနားတွင် သခင်မရှောင်မှာ မျက်ရည်များဝဲလာသည်။ "ငါ့သမီးလေး..  အား.. ဘာလို့ ကိုယ့်ကိုကိုယ် ဒီလိုစျေးနှိမ့်ရတာလဲ။ သူတို့ မင်းကို ဘယ်လိုတောင် အနိုင်ကျင့်နေလဲ ကြည့်ကြည့်လိုက်ပါဦး။ လာ အမေ အတူတူ တောင်ပေါ်က ခုန်ချမယ် ။ အသက်ရှင်ဖို့ မေ့ထားလိုက်တော့၊ သေရအောင်။”

Xiao Lan မှာလည်း ငိုယိုနေသော်လည်း သူမ၏ မျက်ရည်များမှာ Tang Li ထံ ရည်ရွယ်နေသည်။ “ မျိုးနွယ်ခေါင်းဆောင်၊ ရှင်နဲ့ကျွန်မ..… ရှင် ဒါကို ဝန်ခံစရာ မလိုဘူး၊ ဒါပေမယ့် သခင်မက ကျွန်မကို ဒီလို စော်ကားခွင့် မပေးနိုင်ဘူး။ ကျွန်မ Xiao Lan က တစ်သက်မှာ ရှင်ပဲ ယောက်ျားတစ်ယောက်အနေနဲ့ ရှိခဲ့တယ်။ ရှင်နဲ့အပြင် ဘယ်သူမှမရှိဘူး။"

Tang Li မှာ ၎င်းကို ထပ်မံ သည်းမခံနိုင်တော့ပဲ  Ning Jing ထံ အာရုံပြောင်းသွားကာ မျက်နှာမှာ တစ္ဆေတစ်ကောင်မျှ ဖြူဆုတ်နေသည်။ သို့ရာတွင် NIing Jing မှာ Xiao Lan ဆီကို ရုတ်တရက် လျှောက်သွားပြီး မျက်နှာကို ပါးရိုက်လိုက်လေသည်။ “နောက်တစ်ခွန်းပြောရင် နင့်ရဲ့ပါးစပ်ကို ငါက ဖြဲမပစ်ပဲထားမလားဆိုတာ ကြည့်လိုက် အခု နင့်ကိုပြောလိုက်မယ် Tang Li က နင်နဲ့လုံးဝမပတ်သက်ဘူး။ နင်က လုံးဝ စက်ဆုပ်စရာပဲ။"

သူမ၏ ပါးရိုက်မှုတွင် ခွန်အားမည်မျှထည့်ထားသည်ကို ကောင်းကင်မှသာ သိနိုင်သော်လည်း Xiao Lan ၏ မျက်နှာမှာ စတင်ကာ ဖောင်းလာတော့သည်။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now