အခန်း(၁၂၅၂)

123 20 0
                                    

အခန်း(၁၂၅၂)

တစ်ချိန်က ချစ်ခဲ့ဖူးသည်။





ရူအာလေးမှာ  ပေသီးကို ကောက်ယူလိုက်လျှင်  Han Yunxi ၏နှလုံးသားမှာ ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ပင်။ အကယ်၍ သူမ ရှုံးသွားလျှင် Long Feiye မှ ချက်ထားသောခေါက်ဆွဲကို စားရတော့မည်။ Long Feiye မှာ တစ်သက်လုံး ထမင်းတစ်ကြိမ်ပင် ချက်ဖူးသည်လား။ သူက ဘယ်လို ချက်ရမှန်းတောင် သိထားမည်လား။ 

Han Yunxi မှာ စိုးရိမ်စိတ်လွန်ကဲနေသော်လည်း သူမ၏သားမှာ ပေသီး၏ ရည်ရွယ်ချက်ကို မသိနားမလည်ပဲ စူးစမ်းကာ ကစားနေသည်။ သို့ရာတွင် မကြာခင် သူက ငြီးငွေ့လာပြီး ၎င်းကို လက်ထဲတွင် ကိုင်ကာ Tang Tang  ဆီသို့ လမ်းလျှောက်သွားလေသည်။ 

သူက ပေသီးကို အရုပ်လို့ထင်နေတာလား။

“အဲဒါက မဟုတ်..”Han Yunxi ၏ အော်သံမှာ Long Feiye မှ သူမ၏ လက်များကို တင်းကျပ်စွာ ညှစ်လိုက်လျှင် သူက သူမ၏လက်ချောင်းများကို ကြေမွသွားစေမည်အား စိုးရိမ်ကာ ပါးစပ်ပိတ်သွားသဖြင့် သူမ၏ အသံမှာ ပြတ်တောက်သွားတော့သည်။ သူမက လှည့်ကြည့်လိုက်လျှင်တော့ သူ၏ အဖိုးတန်သားကို ငေးကြည့်ရင်း ပြုံးနေသည်ကိုသာ မြင်လိုက်ရသည် ။

မျှော်လင့်ထားသည့်အတိုင်း ရူအာမှာ ပေသီးကို အရုပ်အဖြစ် သဘောထားနေပြီး  Tang Tang ကို ပေးလိုက်လေသည်။ “မင်းဟာ။” သူက ကြေငြာလိုက်လေသည်။

Tang Tang မှာ ယခင်က အမေမှ ပေသီးဖြင့် ကစားသည်ကို မြင်ဖူးထားပြီး သဘာဝအတိုင်း သဘောကျနေသည်။

"နင် မလိုချင်ဘူးလား။" သူမ မေးလိုက်လေသည်။

"မလိုချင်ဘူး။" ရူအာ ၏စကားများမှာ Han  Yunxi  အတွက် သေမိန့်ပင်။ Long Feiye မှာ သူမ၏ လက်ကို ပုတ်လိုက်ပြီးမှ လွှတ်ပေးလိုက်သည်။

"ရူအာ မင်းက တစ်ခြားပစ္စည်းအားလုံးကို လိုချင်တာလား။" Long Feiye မှာ နောက်ဆုံးတွင် စကားစလာသည်။

ရူအာမှာ ပစ္စည်းများစွာကို လိုချင်နေသော်လည်း အားလုံးကို စူးစိုက်ကြည့်ကာ အကျယ်တဝင့် လေ့လာနေသည်။  သူ၏မျက်လုံးများမှာ နောက်တစ်ကြိမ် ဝေ့ဝဲ ကြည့်လိုက်ပြီးနောက် အတည်ပြုလိုက်သည်။ "အွန်း။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now