အခန်း(၁၂၁၁)

141 21 11
                                    

အခန်း(၁၂၁၁)

မင်းက သူမ မဟုတ်ဘူး။






Ning Jing  မှာ ခက်ခဲ ကြမ်းတမ်းသော အချိန်များအား ဖြတ်သန်းခဲ့ရသည်။ ရိုးရှင်းသည့် သာမာန်ဘဝလေးဖြစ်လျှင်တောင် သူမ၏သမီးဖြစ်သူကို အပူအပင်ကင်းစွာ နေစေချင်သည်။ သူမ ထန်ထန်လေးကို အချိန်ကြာကြီး စိုက်ကြည့်ရင်း ညင်သာစွာ အနားသို့ ဆွဲခေါ်ကာ နားတွင် တိုးညင်းစွာ ပြောလိုက်သည်။

"Tang Tang ၊ လိမ်လိမ်မာမာနေနော်..” သူမ ရေရွတ်လိုက်သည်။ " မေမေက ပြန်လာမှာပါ။ မေမေပြန်လာရင် ဖေဖေကလည်း နေကောင်းသွားလိမ့်မယ်။ဒါမှ ဖေဖေက မေမေတို့ နှစ်ယောက်လုံးကို ကာကွယ်နိုင်မှာ။"

ထန်ထန်လေး၏ မျက်ရည်များ ဝေ့သီနေသည့် မျက်လုံးများမှာ ပျော်ရွှင်မှုမီးတောက်များဖြင့် တောက်ပလာတော့သည်။ 

“လိမ္မာနေနော် မေမေက မကြာခင် ပြန်လာမှာ…” Ning Jing မှာ နူးညံ့စွာပြောလိုက်သည်။

နောက်ဆုံးတော့ Tang Tang မှာ သူမ၏ လက်ကို လွှတ်လိုက်လေသည်။ Ning Jing မှာ Tang Li ကို နောက်ဆုံးအကြိမ် ကြည့်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။ စကားတစ်ခွန်းမှ မပြောပဲ လှည့်ထွက်သွားတော့သည်။

သခင်မထန်မှာ ထန်ထန်လေးကို ချီကာ Ning Jing ကို တောင်ပေါ်မှ လိုက်ပို့ရန် ခေါင်းမာနေပြီး နောက်မှ လိုက်လာလေသည်။ Tang Zijin မှာ သူတို့နှင့် ဂိတ်အထိ လိုက်လာခဲ့သော်လည်း ထိုနေရာတွင်သာ ရပ်လိုက်သည်။ Tang Li အား ဆွဲထားသော အစောင့်များကို ပြန်ကြည့်ကာ တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် နှလုံးသားကို တင်းမာလိုက်သည်။ "သူ့ကို အဲ့ဒီအခန်းထဲ ပို့ပေးလိုက်.."

Tang Zijin မှာ Tang Li ကို ဆေးခတ်ခဲ့ပြီး ဖြစ်သောကြောင့် နောက်ပြန်မဆုတ်နိုင်သော လမ်းကြောင်းကို ပုံဖော်ရန် သူ့ကိုယ်သူ ကတိပြုလိုက်သည်။ 

သခင်မထန်မှာ တောင်ထိပ်သို့ ပြန်ရောက်ချိန်တွင် ထန်ထန်လေးမှာ သူမ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေပြီဖြစ်သည်။ ကလေးများမှာ ကလေးများသာ ဖြစ်သောကြောင့် ဝမ်းနည်းပူဆွေးနေလျှင် ငိုယိုပြီးနောက် အိပ်ပျော်သွားကြသည်။ သခင်မထန်မှာ Tang Tang ကို နေရာချပေးပြီးနောက် Tang Li ကို ရှာရန် သွားလိုက်သည်။ မထင်မှတ်ပဲ၊ အခန်း၌ သူ့ကို မတွေ့ရတော့ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now