အခန်း(၁၃၀၁)

144 23 4
                                    

အခန်း(၁၃၀၁)

ဝမ်းမြောက်ဖွယ်။





Mu Linger က Gu Qishao ကို မလိုချင်တော့ဘူး။

လွန်ခဲ့သည့်နှစ်နှစ်တွင် Gu Qishao မှာ နှုတ်မဆက်ပဲ ထွက်သွားပြီးနောက် ရူအာ၏ တစ်နှစ်ပြည့် မွေးနေ့ပွဲတွင် ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ သူ၏ မျက်နှာကို  ပြသခဲလေသည်။ သူက Mu Linger ဖြင့်အလောင်းအစားကို ရှုံးနိမ့်ခဲ့သော်လည်း... နောက်ဆုံးတွင်တော့ သူမကို တစ်ကြိမ်မှ မနမ်းဖူးခဲ့ပေ။

Mu Linger ၏  ပါးစပ်မှ "ချီကိုကို ကို  မလိုချင်ဘူး" ဟု ထွက်လာရန် မည်သူမျှမထင်မှတ်ခဲ့ပေ။ ၎င်းအတွက် သတ္တိနှင့် ယုံကြည်ချက် ဘယ်လောက်ယူခဲ့ရမည်လဲ။ အမှန်တော့၊ သူမ ဆယ်စုနှစ်တစ်ခုကျော် သူ၏ နောက်မှ လိုက်နေခဲ့သည်။ ဤစကားကို မပြောခင် သူမ ဘယ်လောက် နာကျင်ခဲ့ရမည်လဲ။

စွန့်ပစ်ခံရသည်က ပိုနာကျင်သည်ဟု အားလုံးမှ ပြောကြသော်လည်း စွန့်လွှတ်ရန် ရွေးချယ်ခြင်းက အကြိမ်များစွာ ပို၍ နာကျင်ရလေသည်။ Gu Qishao အတွက် စွန့်လွှတ်ရန်မှာ မည်သည့်အချိန်ကမှ ပြသနာကြီး မဟုတ်ခဲ့ပေ။ မလိုချင်သည့်အရာကို ဘယ်လို စွန့်လွှတ်ရမည်လဲ။ အကယ်၍ ပထမနေရာတွင် ရှိနေသည်ကို ဝန်မခံလျှင် ဘယ်လိုစွန့်လွှတ်ရမလဲ။

သို့ရာတွင် Mu Linger မှာ သူမကို စွန့်ပစ်ခဲ့သည့် အခိုက်အတန့်တွင်ပင် စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။ စကားပြောရင်း သူမ ငိုကြွေးမိခြင်းအား မရပ်တန့်နိုင်တော့ပေ။ "Jin Zi ၊ ကျွန်မ ရှင့်… ရှင့်ကို စပြီး သဘောကျနေပြီထင်တယ်။ နည်းနည်းပျော်အောင်နေ  ကိုယ့်ကိုကိုယ် အတင်းအကျပ်မလုပ်ပါနဲ့ ဟုတ်လား။"

Jin Zi မှာ ဤစကားများကို ဘယ်လောက်ကြာကြာ စောင့်နေခဲ့သည်လဲ။

Mu Linger မှာ ဤမေးခွန်းကို စဉ်းစားနေခြင်း ဘယ်လောက်ကြာခဲ့ပြီလဲ။

တစ်ခဏချင်းတွင် လူတိုင်းမှာ Mu Linger မှ အမှန်တကယ်ကြီးပြင်းလာသည်ကို တွေ့လိုက်ရသည်။ အဆုံးတွင် သူမ၏ အနာကျင်ရဆုံးအချိန်များအတွင်း Jin Zi ကို ရွေးချယ်ခြင်း မပြုခဲ့ပေ။ နှစ်နှစ်ကြာ နာကျင်ခံစားခဲ့ပြီး သူမ၏ မင်္ဂလာဆောင်သည့်နေ့တွင်ပင် သူမ၏ခံစားချက်များကို နာကျင်စွာ တွေးတောနေဆဲဖြစ်သည်။ သူမက အဖြေရှာရုံမျှသာမက Jin Zi အား သူမ၏ဒဏ်ရာများကို ကုစားရန် ဝန်လေးစွာ လက်ခံခဲ့ခြင်းလည်း မဟုတ်ပေ။ ဒုတိယအချစ်မှ ပထမအချစ်၏ နာကျင်မှုကို ကုစားပေးနိုင်ကြောင်း လူတိုင်းမှ ပြောကြသော်လည်း Mu Linger မှာ  လွန်ခဲ့သည့် ၂ နှစ်တွင် ချီကိုကို  ကို စွန့်လွှတ်ခဲ့ကြောင်း ဆိုလာသည်။ သူမ၏ နာကျင်စရာအချစ်မှာ နှစ်နှစ်လောက်စော၍ ရပ်သွားပြီးဖြစ်၍ Jin Zi နှင့် ဆက်ဆံရချိန် သူမ ခံစားခဲ့ရသည့် နာကျင်မှုတွေအားလုံးက Gu Qishao ဖြင့် မဆိုင်ပဲ သူမကိုယ်တိုင်ဖြင့်သာ သက်ဆိုင်နိုင်သည်။ သူမ ချစ်နိုင်စွမ်း ရှိမရှိ ချစ်လိုစိတ်နှင့် ချစ်ရဲခြင်း ရှိမရှိ အဖြေရှာရန် လိုအပ်နေခဲ့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now