အခန်း(၁၃၃၂)

130 17 0
                                    

အခန်း(၁၃၃၂)

သက်ညှာမှု မရှိ သတ်ပစ်။






ဆောင်းဦးအလယ်ပိုင်းသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း၊ တိမ်တိုက်ကုန်းမြေကြီး၏ မြောက်ဘက်ပိုင်းအထိ အအေးဓာတ် မရှိသေးပေ။ သို့သော် ထိုအထက်တွင်ရှိသော နက်နဲကုန်းမြေကြီးမှာမူ ရေခဲပင်လယ်၏ မြောက်ဘက်စွန်း အလွန်တွင် ဆီးနှင်းများမြင်နေရပြီဖြစ်သည်။ နက်နဲကုန်းမြေကြီးမှာ ရာသီလေးခုကို တွေ့ကြုံရသော်လည်း ရှည်လျားသော ဆောင်းရာသီရှိသည်။ တစ်နည်းအားဖြင့် ဆောင်းရာသီ စတင်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။

Ning Cheng မှာ ဆောင်းရာသီကို နှစ်သက်သူတစ်ဦးဖြစ်သည်။ ဝိုင်အပြင်၊ ဆောင်းနေ့လည်ခင်းများတွင် နေရောင်အောက်တွင် အိပ်ရသည်မှာ လူသိနည်းသော ဝါသနာတစ်ခုပင်။ ဆောင်းရာသီတွင် သူက ပျောက်ဆုံးနေလျှင် နေအသာဆုံးသော နေရာတစ်ခုတွင် သူ့ကို တွေ့ရှိနိုင်သည်။ ကံမကောင်းစွာဖြင့်၊ ယနေ့ထိ သူ၏ အလေ့အထကို ဘယ်သူမှ မတွေ့ခဲ့ကြပေ။ ဆောင်းလများနှင့်အတူ သူ၏ စိတ်အခြေအနေမှာလည်း အမြဲတစေ တိုးတက်လာခဲ့သည်။ Le Zheng နှင့်အတူ နက်နဲကုန်းမြေကြီးသို့ လွတ်မြောက်လာခဲ့ပြီး ၎င်း၏ ဆောင်းရာသီကို တွေ့ကြုံပြီးနောက် ပြန်မသွားရန် ဆုံးဖြတ်လိုက်လေသည်။

Jin Zi မှာ ဆောင်းကျီးနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် Le Zheng မှာ  ပထမဆုံး သတင်းရလိုက်သူ ဖြစ်သည်။ Le Zheng မှာ ပထမဆုံး ထွက်ပြေးသွားသူပင် ဖြစ်ပြီး နောက်ပိုင်းတွင် ကျွန်ကုန်သည်များမှာ မြောက်ပိုင်းလီနယ်မြေသို့ ခိုးဝင်ကြရန် ဖိအားပေးခံရကာ နောက်ဆုံးတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ Le Zheng သာလျှင် နက်နဲကုန်းမြေကြီးဆီသို့ ဦးတည်ရန် တုံ့ဆိုင်းမနေခဲ့ပေ။ Ning Cheng မှာ Jin Zi ကို ဆက်သွယ်ခြင်း မပြုခဲ့ပဲ သူက ရေခဲပင်လယ်ကမ်းရိုးတန်းဆီသို့ ချောမွေ့စွာ လွတ်မြောက်နိုင်ရန် ကူညီပေးခဲ့သည်။

Jin Zi ၏ ပထမဆုံး စစ်ရေးခရီးအတွက် နောင်တရစရာ အကောင်းဆုံးအတွေ့အကြုံမှာ Le Zheng ကို ဖမ်းဆီးရန် ပျက်ကွက်ခဲ့ခြင်းပင်။ Ning Cheng မှ သူက လွတ်မြောက်သွားရန် ကူညီခဲ့မှန်း သိရင် သူက ဘယ်လိုခံစားရမည်လဲ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now