အခန်း(၁၂၉၉)

129 22 2
                                    

WARNING
-----------------

အခန်း(၁၂၉၉)

ခေါင်းမာသော။






Mu Linger တကယ်လို့ မင်းကို ဖိအားပေးတာက ဒီမျှော်လင့်ချက်မဲ့၊ အဆုံးမရှိတဲ့ စွဲလမ်းမှုကနေ နှိုးနိုင်ရင် ကိုယ် လူဆိုးလုပ်ဖို့ ဆန္ဒရှိတယ်။ မင်း ကိုယ့်ကို ထာဝရမုန်းတီးနေရင်တောင် လက်ခံမယ်။

Jin Zi ၏ ရမ်းကားကြမ်းတမ်းသော အနမ်းများမှာ Mu Linger ၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ကျရောက်နေသည်။ သူက သူမကို နမ်းရှိုက်ရင်း သူမ၏ အဝတ်အစားများကို ဆုတ်ဖြဲလိုက်လေသည်။

သူက သူမကို အလွန် တန်ဖိုးထားခဲ့ကာ ဤမျှထိ လွန်ကျူးမိရန် မထင်ခဲ့မိပေ။ ရူးသွပ်စွာ အ၀တ်အစားများ ဖယ်ရှားရင်း ဒေါသအနမ်းများမှာ သူမ၏ခါးသီးသောမျက်ရည်များနှင့် ရောနှောကာ သူမ၏ ညည်းသံများကို အထပ်ထပ် အခါခါ ဆွဲထုတ်လိုက်သည်။ သူမက အဝတ်ဗလာ ဖြစ်သွားလျှင်  သူ၏ ခန္ဓာကိုယ်ဖြင့် သူမအပေါ် တင်းကျပ်စွာ ဖိထားလိုက်သည်။ မျက်ရည်များ ပေပွနေသော သူမ၏မျက်နှာဖြင့် မြင်ကွင်းမှာ နေရာတွင် ချက်ချင်းပင် သူမအား ထိုးဖောက်ဝင်ရောက်ချင်စေကာ သူမအား အသိတရားများ နိုးကြားလာစေရန် ပြင်းထန်စွာ ထိုးသွင်းချင်လာသည်။

သို့ရာတွင် သူက မလုပ်ခဲ့ပေ။ သူက သူမ၏ မေးစေ့ကို ပင့်လိုက်ပြီး မျက်ဝန်းများမှ မျက်ရည်များကို အနမ်းဖြင့် ဖယ်ရှားကာ သူ့ကို ရှင်းရှင်းလင်းလင်း မြင်စေရန် ဖိအားပေးလိုက်သည်။

"Mu  Linger  .. ကိုယ့်ကိုကြည့်။"

"ကိုယ် ဘယ်သူလဲ ဆိုတာကို ကြည့်။ ကိုယ်  ... မင်း ကိုယ့်ကိုလက်ထပ်စေချင်တယ်။ သေချာကြည့်…”

အကယ်၍ သူမကို ဖိအားပေးရလျှင်တောင် သို့မဟုတ် တွန်းအားပေးရလျှင်တောင် သူက သူမကို လက်ထပ်မည်ဟု အရင် ပြောချင်သည်။  အတိတ်တွင် သူက ပြောခဲ့သည့် စိတ်ထိခိုက်စရာ မှတ်ချက်များအားလုံးကို တွန်းထုတ်ပစ်လိုက်လေသည်။

"Mu  Linger …. ကိုယ် သန့်ရှင်းတဲ့ မိန်းမကို မလိုချင်ဘူး။ မင်းကိုပဲ လိုချင်တယ်။”

"ကိုယ်တို့ရဲ့ စာရင်းနှစ်ခုလုံး ရှင်းပြီးပြီ၊ ဒါကြောင့် ဒါကို ကိုယ်က မင်းကို အကြွေးတင်တယ်လို့ မှတ်လိုက်။ "

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now