အခန်း(၁၃၁၉)

117 19 0
                                    

အခန်း(၁၃၁၉)

လသည် ထိုနေရာတွင် ရှိနေသည်။ သူကလည်း အလားတူပင်။





မူလတွင် တော်ဝင်သမားတော် ခြံဝန်းမှာ တော်ဝင်မိသားစု၊ အထက်တန်းလွှာမှူးမတ်များနှင့် အရာရှိများအတွက်သာ တာဝန်ထမ်းဆောင်ပေးသည်။ ၎င်း၏ သမားတော်များမှာ ဆေးပညာရှင်များ ဖြစ်ရုံသာမက ဆေးဘက်ဆိုင်ရာ အရာရှိများလည်း ဖြစ်ကြသည်။ ယခု Long Feiye မှာ တော်ဝင်သမားတော်ခြံဝန်း ကို ထိန်းသိမ်းထားပြီး မဟာချင်တစ်လျှောက် ကုသမှုများကို တာဝန်ယူရန် ဆေးပညာဌာနကို ဖန်တီးခဲ့သည်။

ဆေးပညာဌာနမှာ တော်ဝင်သမားတော်ခြံဝန်း ထက်အဆင့်မြင့်ပြီး မဟာချင်တွင် အမြင့်ဆုံးဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်လာခဲ့သည်။ သူတို့က ဆေးဘက်ဆိုင်ရာခန်းမများနှင့် ဆေးကျောင်းများအား စီမံခန့်ခွဲရန် တာဝန်ယူကာ ဆေးဝါးလေ့ကျင့်ရန် သမားတော်များ၏ အရည်အချင်းများကို အကဲဖြတ်ပေးရန် တာဝန်ယူထားရသည်။  တော်ဝင် သမားတော် ခြံဝန်းအတွက် သမားတော်များ ရွေးချယ်ခြင်းကိုလည်း တာဝန်ယူခဲ့သည်။ လက်ရှိတွင် သူတို့က ရင်ဆိုင်နေရသော အကြီးမားဆုံးပြသနာမှာ သမားတော်များအတွက် အရင်းအမြစ်များ မလုံလောက်မှုပင်။ ထို့ကြောင့် ရာထူးတာဝန်ယူပြီးနောက် သူတို့၏ ပထမဆုံးတာဝန်မှာ ဆေးကျောင်းဖွင့်ပြီး ဝင်ခွင့်သတ်မှတ်ချက်ကို လျှော့ချရန်ဖြစ်သည်။  ဆရာကောင်းများထံ သင်ကြားနိုင်ရန် သင်တန်းခ ကြီးကြီးမားမားပေးရန် လိုအပ်သောကြောင့် ဆေးပညာကို သင်ယူရသည်မှာ မလွယ်ကူခဲ့ပေ။

Han Yunxi ၏ ထပ်ခါတလဲလဲ စည်းရုံးခြင်း၊ Long Feiye နှင့် Gu Beiyue တို့၏ ဆွေးနွေးမှုနှင့်အတူ၊ သူတို့က ငွေကြေးဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးပြီး ဆေးကျောင်းဝင်ခွင့် အဆင့်အတန်းကို လျှော့ချလိုက်သည်။ ကျောင်းများ ဖွင့်လာချိန်တွင်တော့ Gu Beiyue မှာ အလုပ်ကြီးတစ်ခုကို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ခဲ့သည်။ သူကတော့ မဟာချင်ရှိ မြို့တိုင်း၊ ခရိုင်တိုင်းနှင့် မြို့နယ်တိုင်းကို သွားရောက်ကာ ၎င်းရှိ အလတ်စားနှင့် အကြီးစား ဆေးခန်းများကို မြေပုံရေးဆွဲပြီး အဓိက ခရိုင်ကြီးတိုင်းတွင် ဆေးဘက်ဆိုင်ရာခန်းမကြီးတစ်ခု ထားရှိခဲ့သည်။ စတုတ္ထအဆင့် သို့မဟုတ် အထက်ရှိသော သမားတော်များသာ ဆရာများဖြစ်ရန် အရည်အချင်းပြည့်မီပြီး ပြင်းထန်သောရောဂါများ သို့မဟုတ် ခက်ခဲသောကိစ္စများကိုသာ လက်ခံရမည်။ လူနာ၏ ချမ်းသာမှု မည်သို့ပင်ရှိစေကာမူ တိုင်ပင်ခ ငွေကြေးမှာ ငွေဆယ်ချောင်းသာ ရှိရမည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now