အခန်း(၁၂၃၈)

169 23 8
                                    

အခန်း(၁၂၃၈)

နောက်ကွယ်။








အံအားသင့်နေသည့် Tang Li မှာ “မရီး မင်း ရူးသွားပြီလား။ မင်းက တကယ်ကြီး ဒါကို အကျယ်ကြီးပြောနေတာလား။"

Han Yunxi ၏စကားများသည် အပြင်မှ သူမအပေါ် အမြင်များနှင့်ပတ်သက်ပြီး အတင်းအဖျင်းများအတွက် ပြီးပြည့်စုံသော မှန်တစ်ချပ်ပင်။ သူမက စားပွဲကိုဖျက်သိမ်းရန် မှူးမတ်များ၏ ပန်ကြားချက်အားလုံးကို ငြင်းဆိုကာ အကြီးအကျယ် ကျင်းပရန် စီစဉ်နေသည်ဟု ဆိုကြသည်။

Han  Yunxi မှာ သူ့ကို မျက်စောင်းထိုးလိုက်လေသည်။ "ရှင်ကသာ  အရူး။"

"ဧကရီ၊ မွေးနေ့ပွဲမှာ သဘာဝဘေးဒုက္ခသည်တွေကို ကူညီဖို့ သူတို့ကို ဖိအားပေးချင်တာလား။" Ning Jing မှ မေးလိုက်သည်။ Han Yunxi မှာ အရူးမဟုတ်မှန်း သူမ သိနေသည်။

"ဒါတင်မကဘူး။" Han  Yunxi  မှာ အေးစက်စွာရယ်မောလိုက်သည်။ သူမ လင်မယားနှစ်ယောက်ကို အနီးသို့ခေါ်ကာ စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ Long Feiye မှာ Han Yunxi ၏ အစီအစဉ်များကို ကြာမြင့်စွာကပင် သိရှိထားပြီး ဘေးမှ ရိုးရှင်းစွာ ရယ်မောနေလေသည်။ တရားရုံးမှ နိုင်ငံရေးနှင့် ဖုံးကွယ်ထားသော ပြိုင်ဆိုင်မှုများမှာ အလွန်ပင် ငြီးငွေ့ဖွယ်ကောင်းသော ကိစ္စရပ်များဖြစ်သောကြောင့် တစ်ခါတစ်ရံ Han  Yunxi  အား ရေကို  မွှေနှောက်ခွင့် ပေးထားသည်မှာလည်း ပျော်စရာပင်။ မနက်ဖြန် မွေးနေ့ပွဲမှာ ရယ်စရာကောင်းမည်မှာ သေချာလှသည်။

ထိုညတွင် Long Feiye သည် နန်းတော်၏ ခေါင်မိုးများအားလုံးကို စစ်ဆေးရန် နံရံများကို ကိုယ်တိုင်ကိုယ်ကျ ပျံသန်းသွားလိုက်သော်လည်း Gu Qishao ၏ ခြေရာလက်ရာကို မတွေ့ခဲ့ရပေ။ ထိုအမျိုးသားကို သူတို့နှင့်လိုက်လာရန် တားမြစ်ထားသော်လည်း ရူအာ၏ မွေးနေ့ပွဲသို့ ဖိတ်ခေါ်ရန် စာတစ်စောင် ပေးပို့ခဲ့ဆဲပင်။

ဒီကောင်မလာဘူးလား…

Gu Qishao မှာ အမှတ်၇ လက်ဖက်ရည်အိမ်ကို ရူအာထံ လက်ဆောင်ပေးမည်ဟု ပြောခဲ့သော် တရားဝင် မလုပ်ရသေးပေ။ သူတို့က အနည်းဆုံးတော့ ခေါင်းစဉ်နှင့် စာရွက်စာတမ်း လိုအပ်သေးသည်။ Han Yunxi မှာ ပြသနာကို မည်သို့ နှိုးဆွရမည်မှန်း သိသော်လည်း Gu Qishao မှာမူ  အစစ်အမှန် ကျွမ်းကျင်ပညာရှင်ပင်။ အကယ်၍ သူက ပေါ်မလာလျှင် မနက်ဖြန်စုဝေးပွဲမှာ စိတ်ဝင်စားစရာနည်းပါးပေလိမ့်မည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now