အခန်း(၁၃၄၉)

96 16 4
                                    

အခန်း(၁၃၄၉)

ကတိ။








အခန်းထဲ ဝင်လာလျှင်တော့ ကလေး သုံးယောက်မှာ စားပွဲပတ်လည်တွင် လက်ပိုက်ပြီး ကျောင်းသားလေးများကဲ့သို့ တညီတညွတ်တည်း  ဝင်ထိုင်လိုက်ကြသည်။ ဤမြင်ကွင်းသည် Gu Beiyue ကို အထူးတလည် လွမ်းဆွတ်မိစေသည်…. လွန်ခဲ့သောနှစ်အနည်းငယ်က နန်းတော်ထဲတွင် သူတို့က သူ၏ပုံပြင်များကို နားထောင်ရန်အတွက် နံနက်တိုင်း  ဤကဲ့သို့ ထိုင်နေခဲ့ကြသည်။

သူကိုယ်တိုင်တွင် ပုံပြင်များ အများအပြား မရှိသော်လည်း သမိုင်းကို ပြောပြပေးလိုက်သည်။ တိမ်တိုက်ကုန်းမြေကြီး၏ ရာစုနှစ်များစွာ သမိုင်းကြောင်းကို ကလေးများအတွက် နားလည်လွယ်သော ပုံပြင်များအဖြစ် သဘောထားကြသည်။ Rui'er မှာ ဘာကြောင့် သည်လို ဟိုလို ဖြစ်ရကြောင်း အမြဲတစေ မေးမြန်းတတ်ကာ Yan'er မှာ ဤလူ သို့မဟုတ် ထိုလူကို ပို၍စိတ်ဝင်စားနေသည်။ အရိပ်လေးမှာ အများစုတွင် သူ၏ ကိုယ်ပိုင်မေးခွန်းအချို့ကို မထည့်မီ ထိုနှစ်ယောက်၏မေးခွန်းများကို အပြီးသတ်သည်အထိ နှုတ်ဆိတ်နေတတ်သည်။ Gu Beiyue မှာ ယခုတွင် ထိုသုံးယောက်မှာ ဇာတ်လမ်းကို စောင့်နေခြင်းမဟုတ်ပဲ အဖြေကို စောင့်နေမှန်း သိနေသည်။

Qin  Min မှာ သူ့ကို အရိပ်မှ လာတွေ့စေရန် အမြဲတစေ အလိုရှိခဲ့သော်လည်း သူက ငြင်းနေခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ အရိပ်မှာ ရောက်ရှိလာသင့်သည့်အချိန်ဖြစ်သည်။ သူက အရိပ်မျိုးနွယ်၏ အနှစ်သာရကို သူ့အား ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ရလိမ့်မည်။ Rui'er နှင့် Yan'er မှလည်း ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ သူတို့က ဤနေရာသို့ ရောက်လာသဖြင့် အမှန်တရားကို ထပ်မံ ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်တော့ပေ။ အားလုံးမှာ သူက ကိုယ်တိုင် ညွှန်ကြားပြသထားသည့် ကလေးများဖြစ်၍ သူတို့၏ စိတ်သဘောထားနှင့် နှလုံးသားရေးရာများကို စေ့စေ့စပ်စပ် သိထားသည်။ သူ၏ဒုက္ခကို သူတို့ထံမှ ဖုံးကွယ်ထားခြင်းမှာ သူတို့၏ သံသယများကိုသာ တိုးပွားစေလိမ့်မည်။

Gu Beiyue မှာ ထိုင်လိုက်လျှင် သုံးယောက်မှာ သူ့ကို တစ်ချိန်တည်းကြည့်လာကြသည်။ မီးရောင်အောက်တွင် အရိပ်မှာ သူ၏ ပြာပုံတမျှ ဖြူဖျော့နေသည့် မျက်နှာကို ချက်ချင်း သတိထားမိလိုက်လေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now