အခန်း(၁၂၇၁)

144 19 0
                                    

အခန်း(၁၂၇၁)

လက်ထောက်အဖြစ်အလုပ်လုပ်ခြင်း။





ပူပူနွေးနွေး ခေါက်ဆွဲ၏ မွှေးရနံ့သည် Xu Donglin မှ ပန်းကန်များကို ပြောင်းထားသည်ဟုပင် Long Feiye မှာ သံသယရှိလာသည်။ သို့တိုင် Han  Yunxi မှာ သူ့အား သံသယဝင်သွားသည်အထိ စိတ်အားထက်သန်စွာ ဘေးမှ ရပ်ကာ တိုက်တွန်းနေသည်။ Han Yunxi မှာ သူမ၏ကိုယ်ပိုင်လက်ရာကို အသိအမှတ်ပြုနိုင်သင့်သည်။

ခွဲခြမ်းစိတ်ဖြာပြီး စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ယောက်အတွက်၊ သူက ယခုချိန်မှာတော့ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တော့ပေ။ Han Yunxi မှာ သူ့ကို ပေါ့ပေါ့ပါးပါး ကန်ကျောက်ကာ တောင်းဆိုလိုက်သည်။ "ရှင်စားမလား၊ မစားဘူးလား၊ မဟုတ်ရင် နောက်တစ်ခါ ထပ်စားဖို့ မမျှော်လင့်နဲ့။"

ရွေးချယ်စရာမရှိပဲ Long Feiye မှာ ဟင်းချိုတစ်လုတ် သောက်လိုက်ရတော့သည်။ တစ်လုတ်မျှသာဖြစ်သော်လည်း သူ၏အမူအရာမှာ မယုံကြည်နိုင်သကဲ့သို့ ပြောင်းလဲသွားသည်။ Han Yunxi မှာ သူ့ကို စိတ်လှုပ်ရှားစွာကြည့်ကာ သူမ၏မျက်နှာတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။ Long Feiye မှာ စကားမဆိုပဲ နှုတ်ခမ်းကို ညင်သာစွာ သပ်လိုက်ပြီး နောက်တစ်လုတ် သောက်လိုက်သည်။ သူက အရသာကို ခွဲခြမ်းစိတ်ဖြာနေပုံရသည်။ Han  Yunxi မှာ မျှော်လင့်ချက်အပြည့်ဖြင့် သူ၏ ပါးစပ်ကို စိုက်ကြည့်နေလေသည်။

သူက ပြန်ကြည့်ကာ စကားပြောရန် ပြင်ဆင်လိုက်လျှင် Han  Yunxi ၏ နှလုံးသားမှာ လေထဲတွင် တွဲလောင်းချိတ်ထားခံရသကဲ့သို့ပင်။ သို့ရာတွင် သူက ရပ်တန့်ကာ ဆက်သောက်နေသည်။ ဤတစ်ကြိမ်တွင် အနည်းငယ်သာ မဟုတ်ပဲ ဇွန်းအပြည့်ပင်။  Han  Yunxi မှာ မြင်ကွင်းတွင် အံ့အားသင့်နေတော့သည်။ Long Feiye ကို သူမ သိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူက ဤသို့ စိတ်ပါလက်ပါ စွပ်ပြုတ် သောက်နေသည်ကို မမြင်ဖူးခဲ့ပေ။ ပြေပြစ်ခြင်း မရှိသော်လည်း သူမ သဘောကျဆဲပင်။ သူမ၏ မျက်နှာတွင် အရူးလေးကဲ့သို့ အပြုံးတစ်ပွင့် ထွက်ပေါ်လာကာ အလွန်ပြည့်စုံသည့် ပျော်ရွှင်မှုကို ခံစားနေရသည်။ ချစ်ရသူအတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်ပြုတ်ရသည်မှာ ကြည်နူးစရာဖြစ်လျှင် သူက စားနေသည်မြင်ရသည်မှာ ပျော်ရွှင်စရာပင်။ သို့သော် ဝံပုလွေတစ်ကောင်ကဲ့သို့ သုံးဆောင်ခြင်း မြင်ရသည်မှာ ပို၍  ကြည်နူးစရာပင်။ မည်သို့ပင်ဆိုစေကာမူ သူမက ပျော်ရွှင်မှုအားလုံးဖြင့် ပြည့်နှက်နေလေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now