အခန်း(၁၂၆၂)

129 21 5
                                    

အခန်း(၁၂၆၂)

ဘုရင်ကို ဖမ်းခြင်း။






နွေးထွေးသော မဏ္ဍပ်အတွင်း သေမင်းတမန် တိတ်ဆိတ်မှုဖြင့် ကြောက်စရာကောင်းလာသည်။ သခင်မအိုကြီးကျိုး ၏ နှလုံးခုန်နှုန်းမှာ အချိန်ကြာလာသည်နှင့်အမျှ လျင်မြန်လာသည်။ Xia He ကို စိုးရိမ်နေသော်လည်း သူမ ရင်ဆိုင်ရမည့် ခေါက်ဆွဲပန်းကန်မှာ ပို၍… ပို၍… ကြောက်စရာကောင်းသည်ကိုတော့ မသိခဲ့ချေ။

ကျောက်မားမားမှာ  Han Yunxi မှ သူမ၏ခေါက်ဆွဲကို မည်သည်ဖြင့်ပြုလုပ်ထားသည့်ကို မမြင်ခဲ့ရသော်လည်း Xia He မှ ယူလာချိန်တွင်မူ မထိန်းနိုင်ပဲ သူမ၏နဖူးကို လက်တစ်ဖက်ဖြင့် အုပ်မိတော့သည်။ သူမ ဧကရီအား ခိုးကြည့်ကာ ဧကရာဇ်မှာ ဧကရီမှ ကိုယ်တိုင်ချက်ပြုတ်ထားသော ခေါက်ဆွဲတစ်ပန်းကန်ကို ဘယ်အချိန်မှ ရနိုင်မည်ကို တိတ်တဆိတ် တွေးနေမိသည်။ သူမက ရက်အတော်ကြာ လေ့လာနေခဲ့သည့် မုန့်လှိမ့်နည်းကို မကျွမ်းကျင်သေးပေ။ ဤတစ်ကြိမ်တွင် ခေါက်ဆွဲကို အတုံးဖြစ်အောင် ပြုတ်ထားခြင်း မရှိသော်လည်း ထိုအစား အတုံးလိုက်ဖြစ်အောင် လှိမ့်ထားသည်။ မည်သို့ပင်ဆိုစေကာမူ ပန်းကန်လုံးတစ်ခုလုံးတွင် အဖုအထစ်များနှင့် ပြည့်နေသောကြောင့် အတွင်းဘက်တွင် ဂျုံမှုန့်အတုံးများ ပေါလောပေါ်နေသည့် ကြည်လင်သော အသီးအရွက် ဟင်းရည်ပန်းကန်လုံးနှင့်သာ ဆင်တူလေသည်။

Xia He နှင့် သခင်မအိုကြီးကျိုးတို့ နှစ်ယောက်လုံး တင်းမာနေခဲ့သည်။ ခေါက်ဆွဲကို နှစ်ယောက်လုံးမှာ ဂရုမစိုက်နိုင်ကြပေ။ အစေခံမိန်းကလေးမှာ အမျိုးသမီးကြီးနှင့် မျက်လုံးချင်းမဆုံမိစေရန် ရှောင်တိမ်းနေပြီး  လက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်မှာ ချိုးလုဆဲဆဲပင်။ Xia He မှာ ပန်းကန်လုံးကို သခင်မအိုကြီးကျိုး၏ ရှေ့တွင် ချလိုက်ချိန်တွင်ပင်  ပုံမှန်မဟုတ်သော ခေါက်ဆွဲများကို သတိမထားမိပေ။

"သ.. သ.. သခင်မကြီးကျိုး၊ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး သုံးဆောင်ပါ။" Xia He ၏ သွားများမှာ တဆတ်ဆတ် တုန်နေသည်။ သူမ၏ အပြုအမူအရ သခင်မအိုကြီးကျိုးမှာ ကိုယ့်ကိုကိုယ် ဆက်၍ လှည့်စားနေရန် မဖြစ်နိုင်တော့ပေ။ Xia He မှာ သူမ၏ သူလျှိုများထဲမှ တစ်ဦးဖြစ်ကြောင်း ဧကရီမှ ရှာတွေ့သွားကာ သူမ၏ လက်ထဲတွင် အထောက်အထားများပင် ရှိနေသည်  ။ မဟုတ်လျှင် ထိုနန်းတွင်းသူကို ပေါ့ပေါ့တန်တန် ခေါ်မည်မဟုတ်ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now