အခန်း(၁၂၇၇)

129 22 0
                                    

အခန်း(၁၂၇၇)

ဆားတွင်းများ။






Gu Beiyue မှာ Qin Min မှ သူက သူမအား ပြတ်ပြတ်သားသား ငြင်းဆိုရန် ဖိအားပေးလာမည့် တစ်စုံတစ်ရာ ပြောလာမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် " ကျွန်မ ရှင့်ကိုကွာရှင်းမယ်"  ဟု ကြားလိုက်ရချိန်တွင်  စိတ်ထဲ၌ ထူးထူးခြားခြား လေးလံမှုတစ်ခုကို ခံစားလိုက်ရသော်လည်း သိသာစွာ စိတ်သက်သာရာရကာ အသက်ရှူထုတ်မိလိုက်သည်။  Qin Min မှာ သူ့ကို ပွင့်ပွင့်လင်းလင်း ပြုံးပြ လိုက်သော်လည်း သူမ၏ အပြုံးမှာ ရယ်မောနေသည်လား သို့မဟုတ် လေးနက်သည်လားဟု စဥ်းစားစေမည့် နားမလည်နိုင်သော အငွေ့အသက်များ သယ်ဆောင်လာခဲ့သည်။

Gu Beiyue ကိုယ်တိုင်မှာ ရယ်ရမလား ငိုရမလားမသိတော့ပေ။ သူမက သူ့ကို "Gu Beiyue" ဟု ခေါ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤသည်မှာ Qin Min ၏ ပုံစံ အမှန်ဟု ခံစားမိသည်။ သူက သူမ၏စကားကို မတုံ့ပြန်နိုင်မီတွင် သူမက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်လေသည်။ "နောက်တစ်ကြိမ်အထိပေါ့.. သင်တန်းကျောင်း ကျောင်းအုပ်။"

စကားဆုံးသည်နှင့် သူမ လှည့်ထွက်လာလိုက်သည်။ ဤတစ်ခါတော့ သူမ နောက်ပြန်လှည့်မကြည့်တော့ပေ။ မနေ့ညတွင် Gu Beiyue မှာ ရက်စက်ကြမ်းကြုတ်ပြီး သူမ၏အတွေးများကို တစ်ကြိမ်တည်း ချေမှုန်းပစ်ချင်ခဲ့သော်လည်း အခွင့်အရေးဆုံးရှုံးသွားခဲ့သည်။ Qin Min ၏ နောက်ကျောမှာ လမ်းကြားထဲသို့ ပျောက်ကွယ်သွားလျှင်တော့ သူက မထိန်းနိုင်ပဲ တိုးညင်းစွာ ရယ်မောလိုက်လေသည်။

ညတွင်းချင်း ကျန်းနန်စီရင်စုမှ ထွက်လာခဲ့သော်လည်း Gu Beiyue မှာ သူက ဘယ်တော့မှ ပြန်လာနိုင်မည်မှန်း မသိခဲ့ပေ။ တစ်ချိန်တည်းမှာပင် Long Feiye ၏ မြင်းလှည်းမှာလည်း ထိုဒေသမှ ထွက်ခွာလာသည်။ Gu Beiyue မှာ ဆေးမြို့တော်ရှိရာ မြောက်ဘက်သို့ ဦးတည်သွားစဉ် Long Feiye နှင့် Han Yunxi တို့မှာ ချန်နင်းရှိ ဆားတွင်းများသို့ သွားရောက်လည်ပတ်ရန် အရှေ့ဘက်သို့ ထွက်လာခဲ့ကြသည်။ ထိုနေရာ၌ တစ်စုံတစ်ခုဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း Long Feiye နှင့် Han Yunxi တို့ နှစ်ယောက်စလုံးမှာ စိတ်မပူခဲ့ကြပေ။ သူတို့က Gu Beiyue ထံ ထိုစာကို ရည်ရွယ်ချက်ရှိရှိ ပေးပို့ခဲ့သည်။ သူတို့နှစ်ယောက်လုံး လက်ဖက်ရည်အိမ်တွင် ဘာကိုမှ သံသယမရှိခဲ့ကြသော်လည်း တစ်နေ့တာအတွက် ပြန်လည်သုံးသပ်ပြီးနောက် သံသယဖြစ်စရာ အချက်အချို့ ထွက်ပေါ်လာခဲ့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now