အခန်း(၁၂၁၇)

162 21 0
                                    

အခန်း(၁၂၁၇)

ခြွင်းချက်။




Xiao Lan ၏ စကားလုံးများမှာ Ning Jing ၏ သမိုင်းတွင် အကြီးမားဆုံး အစွန်းအထင်းကို ထိမှန်သွားသည် ။ ကိုယ့်ကိုကိုယ် ပြန်မဖြေနိုင်တော့ပဲ သူမ၏ နှလုံးသားမှာ တင်းကျပ်သွားသည်။ အမှန်ပင်၊ သူမ မူလတွင် Tang Li အား ဆေးခတ်ခဲ့သည်။ ထိုအစီအစဥ်ကြောင့် မဟုတ်လျှင် သူမက ဤတစ်သက်တွင် သူ၏ လက်တွဲဖော် ဘယ်တော့မှ ဖြစ်လာနိုင်မည် မဟုတ်ပေ။

“ပဉ္စမအကြီးအမှူး၊ ခင်များမှာ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ သည်းခြေရှိသလား။” Tang Li မှာ ဒေါသထွက်လာသည်။

သူ၏ အဖေနှင့်အမေအပြင်၊ Ning Jing မှ သူကို ဘယ်လိုဆေးခတ်ပြီး ဒီမျိုးနွယ်ဖြင့် အတင်းအကျပ် လက်ထပ်ရကြောင်း ဘိုးဘေးကောင်စီသာ သိထားသည်။ သံသယရှိစရာမလိုပဲ Xiao Lan မှာ ပဉ္စမအကြီးအမှူးကိုယ်တိုင်မှ သိရှိရခြင်း ဖြစ်ပေလိမ့်မည်။ 
ပဉ္စမ အကြီးအမှူးမှာ သတိပြန်ဝင်လာစဖြစ်ကာ သူ့ကိုယ်သူ မည်သို့ရှင်းပြရမည်ကို မသိတော့ပေ။

“တစ်ယောက်ယောက်လာ၊ သူတို့ကို ဖမ်းထားပြီး မျိုးနွယ်ခေါင်းဆောင်ရဲ့ အမိန့်ကို စောင့်နေ… ရှောင်မျိုးနွယ် မှာ ရာဇ၀တ်မှုစာရင်း သေချာပေါက်ရှိနေတယ်။" Tang Li  မှာ အမိန့်ပေးလိုက်သည်။

ဘိုးဘေးကောင်စီမှာ မည်မျှပင် ခုခံနိုင်စေကာမူ ထန်မျိုးနွယ်ခေါင်းဆောင် ၏စကားကို အဆုံးတွင် နားထောင်ရဆဲပင်။ ယခင်မျိုးနွယ်ခေါင်းဆောင်အနေဖြင့် Tang Zijin မှာ မည်သည့်အရာကိုမျှ တာဝန်ယူခြင်းမပြုတော့သဖြင့်  ပဉ္စမအကြီးအမှူးနှင့် အခြားသူများမှာ Tang Li ကို မည်သို့ ဆန့်ကျင်ရန် ကြိုးစားနိုင်မည်လဲ။ သူ၏ နောက်တွင် အစ်ကိုကြီးတစ်ယောက် ရှိနေကြောင်း ထန်မျိုးနွယ်တစ်ခုလုံး သိနေသည်။ 

ပဉ္စမအကြီးအမှူးနှင့် သခင်မရှောင်တို့မှာ စိတ်ပျက်လက်ပျက်ဖြစ်ကာ လုံးလုံးလျားလျားပင် အသက်မဲ့နေသကဲ့သို့ ဖြစ်နေကာ အစောင့်များကို ဆွဲထုတ်ရန် ခွင့်ပြုလိုက်လေသည်။ သို့ရာတွင် Xiao Lan မှာ အရူးတစ်ယောက်ကဲ့သို့ ရုန်းကန်နေသည်။ "Tang Li… ကျွန်မ ကိုဖြေ။ ကျွန်မကိုဖြေလေ…"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now