အခန်း(၁၂၅၄)

122 22 0
                                    

အခန်း(၁၂၅၄)

ဖိအားမပေးရဘူး။





ကျောက်မားမားမှာ  ခေါင်းဆောင်စားတော်ကဲအား ဧကရာဇ်မှ ချီးမြှင့်ပေးခဲ့သည့် ခေါက်ဆွဲဘယ်မှာရှိကြောင်း မေးရန် အကူအညီပေးရမည်။ သို့ရာတွင် ဧကရီ၏ ပန်းကန်လုံးထဲမှ အရာများကို မြင်လိုက်သည်နှင့် ချက်ချင်း နားလည်သွားတော့သည် ...။

ကျောက်မားမားမှာ နန်းတော်တွင် လက်ဟောင်းကြီးသာမက အနှစ်နှစ်ဆယ်မှ သုံးဆယ်အထိ အတွေ့အကြုံရှိသော ချက်ပြုတ်လာသူဖြစ်သည်။ အကယ်၍ ဇာတ်လမ်းတစ်ခုလုံးကိုသာ သူမ မသိခဲ့လျှင် ပန်းကန်လုံးထဲရှိ အလုံးကြီးမှာ မည်သည့်အရာများဖြင့် လုပ်ထားမှန်း သူမ မည်သည့်အချိန်မှ သိနိုင်မည် မဟုတ်ပေ။

"ကျောက်မားမား ပြောပါဦး။ ဒါဘာလဲ။" Han  Yunxi  မှ မေးလိုက်သည်။ တကယ်လို့ ဒါတွေကို ခေါက်ဆွဲတွေလို့ တစ်ယောက်ယောက်ကများ ပြောနိုင်ရင် ငါက နောက်ဆုံးတစ်လုတ်အထိ စားလိုက်မယ်။

Long Feiye မှလည်း ကျောက်မားမားကို  အေးစက်စွာ ကြည့်နေလေသည် ။ ကျောက်မားမားမှာ  မျက်ခုံးမွှေးများကို တွန့်ပြီး တိတ်ဆိတ်သွားတော့သည်။

"သေချာစဉ်းစားကြည့်။" Han Yunxi မှ ဆက်ပြောလိုက်သည်။

“ဟုတ်ကဲ့။” ကျောက်မားမားမှာ ဟိတ်ဟန်အပြည့်ဖြင့်  သေသေချာချာ ဆန်းစစ်ကြည့်လိုက်သည်။ သူမ ပန်းကန်ကို ကောက်ယူပြီး စမ်းသပ်သည့်အနေဖြင့် အနံခံလိုက်သည်။ "ဟမ်း၊ ဘယ်လောက်အရသာရှိလိုက်မလဲ။ ဒီထဲမှာ ကြက်စွတ်ပြုတ် ဖြစ်ရမယ်။ ကြက်သားလည်း ရှိရမယ်။”

Han  Yunxi  မှာ သူမ၏နှုတ်ခမ်းများကို အားယူပြုံးပြလိုက်သည်။ သူမ မပြောလျှင်တောင် Long Feiye မှ သယ်လာချိန်တွင် ကြက်သား အနံ့ရနေသည်။

“ကျောက်မားမား၊  ဒါကိုကြက်သားထောင်းလို့ ထင်လား. မဟုတ်ရင်…” Han  Yunxi  မှာ ရပ်တန့် လိုက်စဉ် Long Feiye အား ရှည်လျားစွာ ကြည့်လိုက်သော်လည်း သူက မတုန်မလှုပ်ပင်။ ထိုအစား ဧကရီ၏ အဓိပ္ပါယ်များဖြင့် အကြည့်ကို ဖမ်းမိသွားသည်မှာ ကျောက်မားမားပင်။ 

တကယ်လို့ ဒါတွေက ခေါက်ဆွဲတွေလို့ ပြောရင် ဘယ်လောက် အတုဖြစ်လိုက်မလဲ!! သူမက တစ်ဆင့်ပြီးတစ်ဆင့်သာ လုပ်နိုင်ပြီး မီးဖိုချောင်သို့ ရောက်ခဲ့ကြောင်း မဖော်ပြဘဲ ပန်းကန်ကို ဖော်ထုတ်ရင်း ဧကရီအား ကျေနပ်စေနိုင်ရန်သာ မျှော်လင့်နေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now