အခန်း(၁၂၂၈)

181 26 2
                                    

အခန်း(၁၂၂၈)

မလှုပ်နဲ့။






လက်ဖက်ရည်၏ရနံ့သည် ရေပူစမ်းမှ တထောင်းထောင်း ထနေသည့် ရေနွေးငွေ့များကဲ့သို့ အခန်းထောင့်တိုင်း၌ ပျံ့နှံ့နေသည်။ Ning Jing မှာ Tang Li မှ ဘာလုပ်နေမှန်း မသိပေ။

"မင်း ရေပူစမ်းထဲမှာ စိမ်လို့မရဘူး၊ ဒါကြောင့် မင်းခြေထောက်ကို စိမ်ဖို့ ကိုယ် ရေပူစမ်းတစ်ပုံး ယူလာတာ။" Tang Li မှာ ရှင်းပြလိုက်သည်။

"ကျွန်မ ရေပူစမ်းထဲမှာ စိမ်လို့ မရဘူးဆိုတာ ရှင်ဘယ်လိုသိလဲ။" Ning Jing မှ မေးလိုက်သည်။

“ကိုယ် တွက်ထားတာ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က မင်းအတွက် အဆင်မပြေဘူး မဟုတ်လား။” Tang Li မှာ ပြုံးလိုက်သည်။

"မှားတယ်။" Ning Jing မှာ သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ရှင်က ၁၀ ရက်ကျော်သွားပြီ။  ဒီကိစ္စတွေကို ဘယ်လိုတွက်ခဲ့တာလဲ။"

"မဖြစ်နိုင်ဘူး။ အရင် မင်းက လတိုင်းရဲ့ ပထမပတ်မှာ အမြဲလာတယ်။ ​​မမှားနိုင်ဘူး။ ကိုယ်ဝန်ရှိပြီးတော့ ရက်စွဲတွေ မပြောင်းဘူးဆိုရင်ပေါ့။" Tang Li မှာ ယုံကြည်မှု ရှိနေသည်။

Ning Jing မှာ မျက်လုံးများ ကျဥ်းမြောင်း လိုက်တော့သည်။ "အရင်က.. ဟင်းဟင်း.. ရှင် အသေးစိတ် အချက်အလက်တွေနဲ့ သေချာပေါက် ဒုက္ခခံနေတာပဲ။"

Tang Li မှာ Ning Jing ၏ ထောက်ချောက်တွင် ကျဆင်းသွားသည်ကို သတိပြုမိ သွားတော့သည်။အတိတ်တွင် သူက Ning Jing ကို အနိုင်ကျင့်သည်အား ရှောင်ရန် လုံလုံလောက်လောက် တက်ကြွစွာ လှုပ်ရှားခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူမ၏ ဓမ္မတာလာမည့်ရက်များကို တွက်ချက်ခဲ့သော သူ၏ ရည်ရွယ်ချက်မှာ လုံးဝ မသန့်ရှင်းပေ။ 

“ဟဲဟဲ၊ အသေးစိတ်တွေ ထပ်ပြီးတော့ ဒုက္ခခံနိုင်သေးတယ်။ Jing Jing လာ၊ ခင်ပွန်းက မင်းရဲ့ခြေဖဝါး စိမ်ဖို့ လုပ်ပေးမယ်။" Tang Li မှာ Ning Jing ၏ ခြေထောက်ကို ဆွဲယူကာ သူမ၏ ဖိနပ်အား ချွတ်လိုက်ပြီး နောက်ပြန်လှဲကာ သူမ၏ အခြားခြေထောက်ကို သူ၏ ပခုံးပေါ် တင်၍ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးသည်။

လေအေးများ အလွန် ထိတွေ့ရမည်ကို စိုးရိမ်ကာ Tang Li မှာ သူမ၏ ခြေဗလာကို ပွေ့ချီရန် ကြိုးစားခဲ့သော်လည်း Ning Jing မှာ သူ့ကို  သူ၏မျက်နှာတွင် ခြေချောင်းများဖြင့် ကပ်ပြီး ငြင်းဆန်ကာ စနောက်နေသည်။ Tang Li မှာ စိတ်ဆိုးသည်ဖြစ်စေ ငြင်းပယ်ခြင်းမပြုဘဲ သူမဆန္ဒအတိုင်း လုပ်ခွင့်ပေးထားလေသည်။ မကြာခင် သူက Ning Jing ၏ ခြေချောင်းတွေကို ကိုင်လိုက်ပြီး သူမ၏ ခြေမကို ကိုက်ချလိုက်လေသည်။ ခွန်အား အများအပြား သုံးထားဟန် တူသော်လည်း အနည်းငယ်မှ မနာပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now