အခန်း(၁၂၃၅)

138 25 2
                                    

အခန်း(၁၂၃၅)

အမေ့ကို လှည့်စားခြင်း။






Han  Yunxi မှာ ရူအာထံမှ ပြုတ်ကျလာသည့် ဧရာမ စာအိတ်နီကြီးကို ကောက်ယူလိုက်သည်။ ၎င်းမှာ မနေ့ည၌ သူက ခိုးယူခဲ့သော စာအိတ်မှလွဲ၍ အခြားမဟုတ်ပေ။ ၎င်းကိုမြင်လျှင် ရူအာလေးမှာ စာအိတ်ထောင့်ကို လျင်မြန်စွာ ဆွဲယူပြီး လွှတ်ပေးရန် ငြင်းဆန်နေသည်။ စာအိတ်ရှိ ပိုက်ဆံများအားလုံးကို သူမ ပိုင်ကြောင်း Han Yunxi မှာ ဘယ်လိုသိနိုင်မည်လဲ။ သူမ စာအိတ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရင်း ရယ်မောလိုက်သည်။

"ရူအာ ဒါ မင်းကို ဘယ်သူပေးတာလဲ။" သူမ မေးလိုက်သည်။

"မယ်တော် .. ပေးတာ..” ရူအာမှ စိတ်အားထက်သန်စွာပြောလိုက်သည်။

Long Feiye မှာ  မနေ့ညတွင် စာအိတ်အနီတစ်အိတ် ပေးခဲ့သဖြင့် ရူအာမှာ သူမထံလည်း တစ်အိတ် တောင်းနေသည်ဟု Han Yunxi မှာ ယူဆလိုက်သည်။ 

"အချစ်ကလေး၊ မယ်တော်ကို နှစ်သစ်မှာ ပျော်ရွှင်ဖွယ်နှစ်သစ်ပါလို့ ပြောရင် မင်းကို စာအိတ်အကြီးကြီး ပေးမယ်။" Han Yunxi မှာ ပြုံးပြလိုက်သည်။ သူမ၏ ရှေ့တွင် ရူအာမှာ ဝုန်းဒိုင်းကြဲနေသော ကလေးမဟုတ်ပဲ သူမ၏ အဖိုးတန်သော အချစ်ကလေးပင်။ 

သူက ကုတင်ပေါ်တွင် ဒူးထောက်ကာ ကြီးမားသည့် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ကလေးဆန်သော အသံဖြင့် ပြောလိုက်သည်။ "နှစ်သစ်မှာ ပျော်ရွှင်ပါစေ။"

"အရမ်းနာခံတယ်။" ရယ်မောရင်း Han Yunxi မှာ သူမ ပြင်ဆင်ထားပြီးသား စာအိတ်နီကြီးကို ယူပေးလိုက်သည်။ ၎င်းကိုမြင်လျှင် ရူအာ၏ မျက်လုံးများမှာ တောက်ပလာတော့သည်။ Han Yunxi မှာ သား၏ လောဘတကြီးအကြည့်ကို မြင်လိုက်ရလျှင်တော့ အသံထွက်၍ ရယ်မောလိုက်သည်။ သူမက ကုတင်ပေါ်မှ ထပြီး စာအိတ်ကို ရူအာထံ ပေးလိုက်သည်။ "အချစ်ကလေး Rui၊ မယ်တော်က မင်းကို မေးခွန်းနည်းနည်းမေးလို့ရမလား။"

“ကောင်းပြီ။" ရူအာလေးမှာ အမေကိုအာရုံစိုက်ရန် အခြားစာအိတ်အနီကို ဘေးသို့ ပစ်လိုက်လေသည်။

"ခမည်းတော်ကို မယ်တော်က ပိုင်လား။" Han Yunxi မှာ မေးလိုက်သည်။

“ဟုတ်ကဲ့။" ရူအာမှာ တုံ့ဆိုင်းနေခြင်း မရှိပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now