အခန်း(၁၃၂၉)

113 17 0
                                    

အခန်း(၁၃၂၉)

ကျုံးနန်တောင်ကဲ့သို့ အသက်ရှည်ပါစေ။







"ဒီနေ့ အဖေ့ မွေးနေ့လား။" အရိပ်မှာလည်း အံ့သြသွားသည်။ သူ၏ အမေကို မော့ကြည့်လိုက်သည်။ “အမေ၊ မသိထားဘူးလား။"

Gu Beiyue ထံ လှမ်းကြည့်ရင်း Qin Min ၏ နှလုံးသားမှာ ကြီးမားစွာ အံ့အားသင့်နေကာ မည်သို့ဖြေရမည်ကို မသိပေ။ Gu Beiyue မှာလည်း ဘာပြန်ပြောရမှန်းကို မသိတော့ပဲ မိသားစု သုံးယောက်မှာ တံခါးရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ အဆုံးတွင် အရိပ်လေးမှသာ ဦးစွာ စကားစလာသည်။

"အဖေ၊ အမေ့ကို ဒါမှမဟုတ် ကျွန်တော့်ကို ဘာလို့မပြောတာလဲ။"

Gu Beiyue မှာ စဥ်းစားလိုက်ပြီးနောက် ဆင်ခြေတစ်ခု ပေးလိုက်သည်။ "ဘာလို့လဲဆို​တော့ ​ဆောင်းဦး​လလယ်မလို့ အဲ့တာနဲ့ ​ပွဲကျင်းပတာ ပို​ကောင်းတယ်လေ​။"

"ဘာလို့ အဖေ့ရဲ့မွေးနေ့နဲ့  ဆောင်းဦးလလယ်ကို မကျင်းပနိုင်ရတာလဲ။" အရိပ်မှာ ခေါင်းလှည့်လိုက်သည်။

"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ အဖေက မွေးနေ့ပွဲမကျင်းပချင်ဘူး။" Gu Beiyue မှာ စိတ်အားထက်သန်စွာ ဝပ်ထိုင်လိုက်သည်။

"ဘာလို့မဖြစ်ရတာလဲ။" အရိပ်မှာ သိချင်စိတ်ပြင်းပြနေသည်။

"ဘာလို့လဲဆို​တော့၊ ဘာလို့လဲဆိုတော့ ​မွေး​နေ့ဆိုတာ အသက်​တစ်​နှစ်​ကြီးလာ​တာကို ဆိုလိုတယ်။ ​အ​ဖေ...အသက်မကြီးချင်​ဘူး။" Gu Beiyue မှာ ပြန်​​ဖြေလိုက်သည်။

၎င်းမှာ အရိပ်လေးကို ယုံကြည်စေရန် လုံလောက်လေသည်။ သူက ဘယ်လောက်ပဲ ထက်မြက်နေပါစေ ကလေးတစ်ယောက်ပင်။ သူက ရယ်မောကာ ပြောလိုက်သည်။ "ဒါဆို အဖေက အသက်ကြီးမှာ ကြောက်နေတာပဲ။"

Gu Beiyue မှာ စကားမဲ့ အပြုံးဖြင့် အရိပ်ကို ဆွဲခေါ်လိုက်သော်လည်း ကောင်လေးမှာ ရုတ်တရက် သူ့ကို တွန်းဖယ်လိုက်ပြီး ရိုသေစွာ အရိုအသေ ပေးလိုက်သည်။ "Nanchen က အဖေ့ကို ဘယ်တော့မှ အသက်မကြီးပဲ ကျုံးနန် တောင်တွေလို့ အသက်ရှည်ဖို့ ဆုတောင်းပါတယ်။" သူက ကျယ်လောင်စွာ ပြောလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now